ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို စစ်ကောင်စီပြန်လွှတ်
**************
ဒီဇင်ဘာ ၂၉ ၊၂၀၂၂။
စစ်တပ်အာဏာသိမ်းပြီး နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားသည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ယမန်နေ့နှင့် ယနေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။
ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံးပါဝင်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပြန်လွှတ်မပေးဟု ပြန်လည်လွတ်မြောက်လာသည့် အစိုးရအဖွဲ့ဝန်ကြီး၏ မိသားစုဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများအားလုံးကို ဖမ်းဆီးထိန်းသိမ်းခံရပြီး စည်ပင်ဝန်ကြီး ဦးကျော်မြင့်သာ လွတ်မြောက်ခဲ့သည်။
ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ပြန်လွှတ်ရန် ဒီဇင်ဘာလ တတိယပတ်တွင် စတင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးများကို မလွှတ်မီ ဆွေးနွေးမှုများလည်း ရှိခဲ့သည်ဟု သံလွင်ခက်က စုံစမ်းသိရှိထားသည်။
အစိုးရအဖွဲ့ကို မလွှတ်ခင်ကတည်းက ဧရာတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌ ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။
ဧရာ၀တီတိုင်းမှ တစ်ချို့လွှတ်တော်ကိုယ်စားလှယ်များသည် စစ်ကောင်စီနှင့် လက်မှတ်ထိုးပြီး နေထိုင်နေကြသူများလည်းရှိသည်။