စစ်ကောင်စီသတင်းပေး လေးဦး ရှင်းလင်းခံရ
*************************
ဒီဇင်ဘာ ၂၉၊ ၂၀၂၂။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်းမြို့နယ်တွင် ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီခန့်အပ်ထားသော အုပ်ချုပ်ရေးမှုးနှင့် ဒလံဟုသတ်မှတ်ခံရသူ ၄ ဦး ရှင်းလင်းခံခဲ့ရသည်။
ငါန်းဇွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီခန့်အပ်ထားသော အုပ်ချုပ်ရေးမှုးများနှင့် စစ်ကောင်စီသတင်းပေးဆိုသူများကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုရှိသဖြင့် ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
” သေချာစစ်ဆေးပြီး သူတို့ကျူးလွန်မှုတွေနဲ့ပတ်သတ်ပြီး ရှင်းသင့်တာကြောင့် ရှင်းလိုက်တာပဲဗျ ” ဟု မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချက်အလက်နှင့်နည်းပညာတာဝန်ခံ ဟရုနာကာဂျီမာ ကသံလွင်ခက်ကို ပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီသတင်းပေးတစ်ဦး ၊ဒီဇင်ဘာ ၂၃ ရက်နေ့ က စစ်ကောင်စီခန့်အပ်အုပ်ချုပ်ရေးမှူးနှင့် ကုလရွာကြီးမှ သတင်းပေးတစ်ဦး နှင့် ဒီဇင်ဘာလ ၂၄ရက်နေ့က တစ်ဦး စုစုပေါင်း လေးဦးကို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးများကို TGYR-Youth Guerilla Counter Revolution (LPDF)၊ BHGF-Black Hero Guerilla Force နှင့် မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ပြောသည်။
ထိုသို့ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါန်းဇွန်းမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကြေင်းထိုးဝင်ရောက်ကာ ဒေသခံပြည်သူ ၁၀ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးမှုများလည်းရှိသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လတ်တလောတွင် စစ်ကြောင်းထိုးဝင်ရောက်နေမှုများကြောင့် ငါန်းဇွန်အနောက်ဘက်ရှိကျေးရွာများမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးနေရသည်။
Photo – Crd