ငလျင်ဘေးဒဏ်ကြုံတွေ့နေရသော မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံရှိ မည်သည့်ဖုန်းအော်ပရေတာမှ မဆို အခမဲ့ ဖုန်းဆိုနိုင်ခြင်းဝန်ဆောင်မှုကို မတ်လ ၃၁ ရက်အထိ ဆောင်ရွက်ပေးနိုင်ရန် Thai National Telecom က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ပါဝင်သည့်အတိုင်း ခေါ်ဆိုရာတွင် အခက်အခဲများရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဖုန်းခေါ်ဆိုမှုကုတ်နံပါတ်ဖြစ်သော +95 နောက်တွင် ခေါ်ဆိုလိုသော နံပါတ်များကို ထည့်သွင်းကာ ဖုန်းခေါ်ဆိုရာ၌ ဖုန်းဘေလ်ဖြတ်တောက်ခြင်းမရှိခဲ့သည်ကို တွေ့ရှိရသည်။
မတ်လ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရသော မြန်မာနိုင်ငံသို့ ထိုင်းဘုရင့်တပ်မတော်၏ ဦးဆောင်စီစဉ်မှုဖြင့် ကယ်ဆယ်ရေးတပ်ဖွဲ့များကို ယနေ့ နံနက်ပိုင်းတွင် စေလွှတ်ခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားမှုအကူအညီများဆောင်ရွက်နေသည်ဟု ထိုင်းသတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။