မတ်လ ၂၈ ရက်မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများ များပြားခဲ့သည့် မန္တလေးနှင့် စစ်ကိုင်းဒေသများမှ ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မည့် မြေပြင်ဆေးရုံအဖွဲ့အပါအဝင်ဆေးဝါးများ ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သံရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် အိန္ဒိယအစိုးရအနေဖြင့် မတ်လ ၂၉ ရက်နှင့် ၃၀ ရက်များတွင် လေယာဉ် ၅ စင်း၊ သင်္ဘော ၄စင်းစေလွှတ် ရန်စီစဉ်ခဲ့သည်ဟု ပြောသည်။
အဆိုပါယာဉ်များတွင် အထူးကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ အရေးပေါ်မြေပြင်ဆေးရုံဝန်ထမ်းများနှင့် ဆေးဝါးများ၊ စားနပ်ရိက္ခာများသယ်ဆောင်လာသည်ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံကြုံတွေ့နေရသော ငလျင်ဘေးဒဏ်ကိုကူညီနိုင်ရန်အတွက် စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များရောက်ရှိကူညီနေသည်ကို ဒေသတွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။





