









အဆိုပါကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို ဘန်ကောက်မြို့ရှိ ဒုံမောင်းလေဆိပ်တွင် စုဝေးကာ မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့သည်ဟု ပါဝင်သည်။
အဆိုပါကယ်ဆယ်ရေးတပ်ဖွဲ့များတွင် ထိန်းချုပ်ရေးအဖွဲ့၊ နိုင်ငံတကာစစ်တပ်ဆိုင်ရာ တာဝန်ထမ်းဆောင်ရေးအဖွဲ့၊ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ဆေးဘက်ဆိုင်ရာအဖွဲ့၊ ပျက်စီးမှုအခြေအနေအကဲဖြတ်ရေးအဖွဲ့၊ ဆက်သွယ်ရေးအဖွဲ့၊ ပြည်သူ့ဆက်ဆံရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ ဖြစ်သည်။
အဓိကတာဝန်အားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာအစိုးရကို ပံ့ပိုးကူညီရန်နှင့် ထိခိုက်နစ်နာခဲ့သည့် ထိုင်းနိုင်ငံသားများအား အကူအညီပေးရန်ဟုဆိုသည်။
ထိုသို့ အကူအညီပေးရန် ထိုင်းနိုင်ငံက စေလွှတ်ခြင်းသည်ဤဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် မြန်မာစစ်ခေါင်းဆောင်မှ နိုင်ငံတကာအကူအညီတောင်းခံခဲ့သည့် ဖြစ်ရပ်နှင့် ဆက်စပ်နေသည်ဟု ရေးသားဖော်ပြထားသည်။
ဓါတ်ပုံ – The Nation Thailand