မောင်လှိုင်း

မတ်လ ၂၈ နေ့ညပိုင်း ၇နာရီခွဲဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ စက်တပ်လေထီးများသုံးပြုပြီး မုံရွာ-စစ်ကိုင်းလမ်းမကြီးဘေးရှိ နွယ်ခွေရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီမှ အဆိုပါစက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုမရှိဘူးဟု ချောင်းဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
“သူတို့က တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီ ၂၀၂၅ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို Paramotor (စက်တပ်လေထီး) ရောက်ကတည်းက ခပ်စိတ်စိတ်လိုကို ချနေတာ။” ဟု အဆိုတာဝန်ရှိသူအမျိုးသားကပြောသည်။
ချောင်းဦးမြို့နယ်တွင်လည်း ငလျင်လှုပ်ခတ်မှုများရှိသော်လည်း ပျက်ဆီးဆုံးရှုံးမှုအခြေနေများကို အတည်ပြုရန် ခက်ခဲသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ကရင်ပြည်နယ် မြဝတီမြို့သို့ တနှစ်နီးပါးအကြာချီတက်နေသည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေး“ အောင်ဇေယျ” တပ်ဖွဲ့များနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များနှင့် ကော့ကရိတ်မြို့နယ်များတွင် တိုက်ပွဲပြင်း ထန်လျက်ရှိသည်ဟု ရှေ့တန်း စစ်မြေပြင်နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံတဝှမ်းရှိ တိုင်းနှင့်ပြည်နယ်အချို့ကို ငလျင်လှုပ်ခတ်နေချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာသုံးစီးဖြင့် နောင်ချိုမြို့နယ်ရှိ နောင်လင်ရွာသို့ ဂျက်ဖိုက်တာ သုံးစီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုတိုက်ခိုက်မှုအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်-DPLA စစ်မေ ၆ ဦးနှင့် ရဲဘော်တဦး သေဆုံးခဲ့သည်ဟု ရွှေဖီမြေသတင်းဌာန ယနေ့ဖော်ပြထားသည်။
မန္တလေးမြို့အရှေ့မြောက်ဘက်ရှိ ၁၁ မိုင်ခန့်အကွာမှ ဗဟိုပြု၍ လှုပ်ရှားခဲ့သည်ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ရန်ကုန်တိုင်း၊မကွေးတိုင်း ၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် နေပြည်တော်တို့တွင် ဘာသာရေးအ ဆောက်အုံများ၊ ဆေးရုံများ၊ အထပ်အဆောက်အဦဟော်တယ်များနှင့် လမ်းများပြိုကျပျက်စီးခဲ့ရသည်။
ယနေ့မတ်လ ၂၉ ရက်နေ့မွန်းလွဲပိုင်းအချိန်ထိ ငလျင်ဒဏ်ကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် သေဆုံးသူ ၁၀၀၀ ကျော်ရှိနေပြီး ဒဏ်ရာရရှိသူ ၂၀၀၀ ကျော်အထိ ရှိနေပြီဟု စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်မှုအတွင်း သေဆုံးခဲ့ရသည့် ဓနုလွတ်မြောက်ရေးတပ်မတော် – DPLA မှ တပ်ဖွဲ့ဝင်များကို တွေ့ရပုံ (ဓာတ်ပုံ-Shwe Phee Myay News Agency/CJ)