![]()
 
 
 
 
 
 
 
 
 
၈၈၈၈ ဒီမိုကရေစီအရေး လှုပ်ရှားမှု အတွက် အရေးကြီးပြီ (သွေးသစ္စာသီချင်း) ကို သီဆိုခဲ့သူ နိုင်ငံကျော် အဆိုတော် မွန်းအောင်ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့မှာ မယ်တော်ဆေးခန်း/ ကျောင်းသားဆေးခန်းပဲ့ကိုင်ရှင် ဆရာမကြီး ဒေါက်တာစင်သီယာမောင်ကို ဂုဏ်ပြုအစီအစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။အဆိုတော်မွန်းအောင်ရဲ့ နာမည်ကြီးသီချင်းတွေဖြစ်တဲ့ သွေးသစ္စာ အပါအဝင် တေးသီချင်းပေါင်း ၁၀ ပုဒ်ခန့်ကို သီဆိုခဲ့ပါတယ်။
သူ့ရဲ့ မွေးနေ့ပွဲကို ကျောင်းသားတပ်မတော် ABSDF က ရဲဘော်တွေ အပါအဝင် မိတ်ဆွေတွေ၊ ပရိတ်သတ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ပုံစာ – အဆိုတော် မွန်းအောင်ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့မြင်ကွင်း။
ဓာတ်ပုံ – အေကေ/ သံလွင်ခက်။
									 
					