စစ်ကောင်စီ ဖမ်းဆီးလိုက်သည့် မှုးယစ်ဆေးဝါးအမှု ဖြစ်စဉ်တွင် အာရက္ခတပ်တော် AA ပါဝင်ပတ်သက်သည်ဟု စွပ်စွဲချက် က နိုင်ငံရေးအရ ထိုးနက်ချက်တခုသာဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) မှ မတ်လ ၁၉ရက် တွင် တုံ့ပြန်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၉၆ ဘီလီယံတန်ဖိုးရှိသည့် မှုးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးအမှုသည် AA ၏ စီးပွားရေးတာဝန်ခံ ဇနီးမောင်နှံပါဝင်ပတ်သက်နေသည်ဟု စစ်ကောင်စီက ဓာတ်ပုံများနှင့်တကွ မတ်လ ၁၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့သည်။
စစ်ကောင်စီဖမ်းမိထားသည့် မူးယစ်ဆေးဝါးများသည် ‘ဝ’ ပြည်နယ် ပန်ဆန်းမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တို့မှတဆင့် ရန်ကုန်သို့ ဖြန့်ဝေရောင်းချခြင်းဖြစ်ကြောင်း သတင်းစာများတွင် ရေးသားထားသည်။
ထို့ပြင် မလေးရှားပင်လယ်ပြင်အထိ မူးယစ်ဆေးဝါး ဖြန့်ချိသူဟု သံသယရှိသူများ၏ ဓါတ်ပုံများအားလည်း စစ်ကောင်စီပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ယင်းသို့ မှုးယစ်ဆေးဝါးဂိုဏ်းတခုမှ မှုးယစ်ဆေးဝါးဖမ်းမိသည့် ဖြစ်စဉ်တွင် AA အား စွပ်စွဲခြင်းသည် ယုတ္တိ လုံးဝမဘဲ နိုင်ငံရေးသိက္ခာချခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတဝှမ်းတွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် အာဏာရှင်စနစ် အဓွန့် မရှည်စေရန် တော်လှန်ပုန်ကန် နေကြသူများကို စစ်ရေးအရကြီးမားသည့်တုံ့ပြန်မှုနှင့်အတူ သတင်းအမှားများဖြင့် လုပ်ကြံဖန်တီး တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ULA က ထုတ်ပြန်ပြောဆိုသည်။
ပုံစာ – စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မှုးယစ်ဆေးဝါး သံသယရှိသူများ