









သင်္ကြန်တွင်းကာလမှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြားတိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ကော့ကရိတ်နှင့် ကျုံဒိုးဒေသတဝိုက်ရှိ ဒေသခံများမှာ ဧပြီလ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ့ရမတ်မြို့နယ်အတွင်းသို့ စစ်ဘေးရှောင်ခဲ့ရသည်။
စစ်ဘေးရှောင်လာခဲ့ရသူ အရေအတွက်မှာ ၂၄၇ ဦးရှိလာခဲ့ပြီး ထိုင်းဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံခဲ့ရကာ လက်ရှိအချိန်တွင် နယ်မြေတွင်း ပြန်လည်တည်ငြိမ်လာသည့်အခြေအနေကြောင့် နေရပ်သို့ စတင်ပြန်ခဲ့ကြသည်။
ဧပြီလ ၂၀ ရက်ညနေပိုင်းတွင် ၁၁၇ ဦးနေရပ်ပြန်သဖြင့် ထိုင်းအာဏာပိုင်များက လိုက်လံပို့ဆောင်ပေးခဲ့ပြီး ၁၃၀ ဦးမှာ ခိုလှုံနေရဆဲဖြစ်သည်။