Chinland Defense Force_CDF-KKG မှ အထူးစစ်ဆင်ရေးအဖြစ် ဦးဆောင်ပြုလုပ်သည့် ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ဆင်ရေးများတွင် အောင်ပွဲဖြင့် ပြန်လာကြသည့် ABSDF ရဲဘော်များနှင့် မဟာမိတ် ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးစစ်ကြောင်း ၃မှ သတင်းထုတ်ပြန်ခဲ့သည်။
နှစ်လ ဝန်းကျင်ကြာမြင့်ခဲ့သည့် စစ်ဆင်ရေးတွင် ကလေးမြို့နယ်တောင်ပိုင်းရှိ ကမ်းပါးနီ စစ်စခန်းနှင့် ကြံသာရွာ စစ်စခန်းများ အပါအဝင် စစ်စခန်း ငါးခု သိမ်းပိုက်ခဲ့ကြသည်။
၎င်းစစ်ဆင်ရေးများကို ချင်းအမျိုးသားတပ်မတော် (CNA) မှ ကွပ်ကဲခဲ့ပြီး ABSDF နှင့် မဟာမိတ်များမှ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဆင်ရေးတွင် ABSDF မှ တပ်စုမှူး တစ်ဦးနှင့် ဒုတပ်စိတ်မှူး တစ်ဦးတို့ ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ဒါဏ်ရာရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။
ဓါတ်ပုံ – ABSDF Column-3














