သရဖီ
ဒီဇင်ဘာ ၉၊ ၂၀၂၄။
ရခိုင်ပြည်နယ်တွင် ဒေသထွက် ပီလောပီနံဥ များမှာ ယခုနှစ်အတွင်း စျေးကောင်းရရှိသော်လည်း စိုက်ပျိုးတောင်သူများမှာ အရှုံးပေါ်ကြကြောင်း တောင်သူများထံမှ သိရသည်။
စိုက်ပျိုး စရိတ်၊ လုပ်သားခ များမှာ အခွန်အခ များသည့်အတွက် အရှုံးပေါ်ကြောင်း မြောက်ဦးမြို့နယ် လေးညှင်တောင်မှ ပီလောပီနံ စိုက် တောင်သူတစ်ဦးက ဆိုသည်။
” စျေးရတာကတော့ ရတာပေါ့။ ဒါပေမဲ့ တောင်မှာက ပေါက်တူပေါက်ဖို့ လူငှားရတယ်။ တူးရတာလည်း လူငှားရတယ်။ အဲ့ဒါ က တစ်ပိဿာကို ၃၀၀၀ လောက်ပဲ ရတယ်။ ဒီမှာ အလုပ်သမား တစ်ယောက်ကို တရက် ၁၅၀၀၀ လောက်ပေးရတာပေါ့ အမြတ်မကျန်တော့ဘူးပေါ့။ ”ဟု ဆိုသည်။
ယခင်နှစ်များက ပီလောပီနံဥ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ ကျပ်သာ ရရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ကျပ်ရရှိနေခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း စားဝတ်နေရေး မဖုံလုံ့ ခြင်းနှင့် ဒေသ မတည်ငြိမ်းခြင်းကြောင့် ယခင်နှစ်များထက် စိုက်ပျိုးသူ နည်းပါးကြ ကြောင့် နောက်ထပ် ပီလောပီနံ စိုက်သည့် တောင်သူတစ်ဦးက ဆိုသည်။
” အရင်နှစ်ကတော့ တောင်တစ်ခုလုံး စိုက်ရင်တော့ ပိဿာ ၂၀၀၀ လောက် ထွက်တယ်။ အခုကတော့ တောင်မှာ တစ်ဝက်လောက်ပဲ စိုက်ဖြစ်တယ်။ ပီလောပီနံဥက လတိုင်းထွက်နေတာလည်းမဟုတ်ဘူးလေ။ တစ်နှစ်မှ တစ်ခါပဲ ရတာဆိုတော့ စောင့်နေရတော့ စားဝတ်နေရေး အတွက် မဖုံ့လုံဘူး။ နောက် တိုက်ပွဲ တွေလည်း ရှိနေတာလည်းပါတယ်။ အဲဒါကြောင်း အခုနှစ်တော့ အများကြီး မစိုက်ဖြစ်ဘူး။” ဟု ဆိုသည်။
ပီလောပီနံ ဥများကို မေလနှင့် ဇွန်လများတွင် စတင် စိုက်ပျိုးကြပြီ နိုဝင်ဘာလတို့တွင် စတင်း၍ တူးဖော်ကြရသည်။
ရခိုင်တွင် မြောက်ဦး မြို့နယ် အထက်ပိုင်း လေးမြို့ချောင်း ဒေသမှာသာ ပီလောပီနံ ဥများကို အများဆုံး စိုက်ပျိုက်ကြပြီး စိုက်ပျိုး တောင်သူများမှာ ဒေသမတည်ငြိမ်းခြင်း၊ လုပ်ခတိုးမြင့်ခြင်းတို့ကြောင့် ယခင်ကထက် စိုက်ပျိုး တောင်သူ ပိုမိုနည်းပါးလာနေသည်။