သံလွင်ခက်
ဒီဇင်ဘာ ၆၊ ၂၀၂၄။
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့တွင် ယမန်နေ့က မြန်မာနိုင်ငံသား၊ အမျိုးသားတစ်ဦး လမ်းမီးလျှပ်စစ်ရှော့ (ဓာတ်လိုက်မှု) ကြောင့် သေဆုံးခဲ့သည်ဟု Nepali Gurkha Social Activities & News က ထုတ်ပြန်သည်။
အသက် ၃၃ နှစ်အရွယ် ကိုသူရကျော်သည် အမေရိကန်နိုင်ငံမှ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့သို့ ၎င်း၏ ချစ်သူမိန်းကလေးနှင့် တွေ့ဆုံရန် လာရောက်လည်ပတ်စဉ် လမ်းမီးလျှပ်စစ်ရှော့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် သေဆုံးသွားသူသည် မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးတွင်ရှိသည့် မိုးကုတ်မြို့ ဇာတိဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ယခုနှစ် ဩဂုတ်လ ၂၃ ရက်တွင်လည်း မြေပြိုမှု ဖြစ်ပွားကာ မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦး သေဆုံးခဲ့သည်။