နန်းဆုပန်ခန့်
ဒီဇင်ဘာ ၃၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်) အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းရင်းမြစ်ထံမှသိရသည်။
ဒီဇင်ဘာလ ၁ ရက်၌ KNLA နှင့်တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ ထွီးသီးအု နေရာရှိ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁) ဦး သေဆုံးခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းတွင်လည်း KNLA ၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စစ်တပ်တို့အကြား ဖားပွန်နယ်မြေ (ငှက်ပျောတော) တွင် (၁) ကြိမ်၊ ထွီးသီးအု နယ်မြေ တွင် ၁ ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်သား (၄) ဦးသေဆုံးခဲ့ရသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်တွင်စစ်ကောင်စီတပ်သားထံမှ MA-1 (၃) လက်နှင့် MA-4 (၁)လက် ရရှိခဲ့သည်။
နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း ပူးပေါင်းတပ်ဘက်မှ သိမ်းပိုက်ရရှိထားသော မာထောစစ်စခန်းအား နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်၌ ၈၁ မမ လက်နက်ကြီး (၁) လက် သိမ်းဆည်းရရှိခဲ့သေးသည်။
ဓါတ်ပုံ−ကေအဲန်ယူ
ပုံစာ – အာဏာသိမ်း စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။