သံလွင်ခက်
နိုဝင်ဘာ ၃၀၊ ၂၀၂၄။
အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ဦး သေဆုံးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၉ ရက်အတွင်း စစ်ကောင်စီတပ်တပ်စွဲရာနေရာများနှင့် စစ်ကောင်စီစစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၂၇ ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီတပ်အား နည်းမျိုးစုံဖြင့် ဖိအားပေးတိုက်ခိုက်လျက်ရှိပြီး ကော့ကရိတ် မြဝတီ အာရှလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ ရိက္ခာနှင့် တပ်ကူလမ်းကြောင်းများကို လိုက်လံပိတ်ဆို့ ဖြတ်တောက်ကာ တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ – သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂