သံလွင်ခက်
နိုဝင်ဘာ ၂၈၊၂၀၂၄။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၃ ဒဿမ ၄သန်း ရှိလာသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UN(OCHA) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
နေရပ်စွန့်ခွာမှု များပြားလာခြင်းသည် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနှင့် ပြင်းထန်သည့် တိုက်ပွဲများကြောင့်ဟု ဖော်ပြထားသည်။
ဆက်တိုက်ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသလိုအရပ်သား ကာကွယ်စောင့်ရှောက်ရေးလိုအပ်ချက်နှင့် လူသားချင်းစာနာမှုအကျပ်အတည်းသည်လည်း ဆက်လက်ဆိုးဝါးနေဆဲဖြစ်သည်ဟု ဆိုထားသည်။
အာဏာသိမ်းကာလ ၂နှစ်ကျော် ၂၀၂၃ ခုနှစ် အောက်တိုဘာပြီးနောက်ပိုင်းတွင် ပဋိပက္ခအခြေအနေသည် ပိုမိုပြင်းထန်လာခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၁၅ခုထဲမှ ၁၂ခုတွင် တိုက်ပွဲဒဏ်ကို ခံစားနေရသည်ဟု ဆိုသည်။
ပဋိပက္ခကြားအတွင်း လူသားချင်းစာနာမှု လုပ်ငန်းစဉ်များအတွက် သွားလာရန်တွင် နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့်အဟန့်အတားမရှိ ခွင့်ပြုပေးရန်နှင့် ပြည်သူများဆီ အကူအညီရောက်ရန် ဟန့်တားနေသည့်အရာများကိုလည်း ဖယ်းရှားပေးရန် တိုက်တွန်းထားသည်။
၂၀၂၄ နှစ်စမှ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် လူဦးရေ ၃ သန်းနီးပါးကို အကူညီပေးနိုင်ခဲ့သော်လည်း ၂၀၂၄ နှစ်ကုန်ကာလတွင်ရန်ပုံငွေ ၃၄ ရာခိုင်နှုန်းသာရရှိထားသည့်အတွက် အရေးပေါ်အကူညီများ ပေးနိုင်ရန် ခက်ခဲနေသေးသည်ဟု သိရသည်။
Photo-UNOCHA