သံလွင်ခက်
နိုဝင်ဘာ ၂၅၊၂၀၂၄။
ကရင်နီပြည် (ကယားပြည်နယ်)အတွင်း ဖြစ်ပွားနေသည့် နှစ်ဘက်တိုက်ပွဲများနှင့် လူမှုဘဝဖူလုံမှုမရှိခြင်း နောက်ဆက်တွဲအကျိုးဆက်အဖြစ် အမျိုးသမီးငယ်များ လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ခံစားနေကြရသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
အမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်မှုကြုံတွေ့ခံစားနေရသည့်အပြင် အမျိုးသမီးငယ်များ လုပ်ငန်းခွင်၌ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း နှင့် ဖျော်ဖြေရေးလုပ်ငန်းခွင်များသို့ သွတ်သွင်းခံရပြီး လိင်အမြတ်ထုတ်ခံရခြင်း၊ လူကုန်ကူးခံရခြင်း စသည့်အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ရင်ဆိုင်နေကြရသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာနအနေဖြင့်လည်း ထိုအခြေနေများကို ဖြေရှင်းဆောင်ရွက်နေသော်လည်း ငွေကြေးဆိုင်ရာ အရင်းအမြစ်လိုအပ်ချက်များစွာရှိနေသည်ဟု ဆိုထားသည်။
IEC ဖော်ပြထားသည့် စာရင်းများအရ စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုကြောင့်၂၀၂၄ ခုနှစ် အတွင်း၌ အမျိုးသမီး ၂၀ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၁ မှ ၂၀၂၄ အောက်တိုဘာလအထိ ကရင်နီပြည်တွင် အရပ်သား (၂၅၃) ဦးထက်မနည်း သေဆုံးပြီး (၃၃၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
ဓာတ်ပုံ-ကရင်နီစစ်လေးရှောင်များ(IEC)