သံလွင်ခက်
နိုဝင်ဘာ ၂၀၊၂၀၂၄။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ရန်ကုန်တိုင်းစစ်ဌာန ထံသို့ စစ်ကောင်စီတပ်သား ၂ ဦး ဝင်ရောက်ခိုလှုံလာခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီရေတပ်မှ တပ်ကြပ် နိုင်မင်းဇော် နှင့် သံချပ်ကာ ပြင်ဆင်ရေးပင်မအလုပ်ရုံမှ တပ်ကြပ်ကြီး အောင်မင်းဇော် တို့သည် ရန်ကုန်တိုင်းစစ်ဌာန ၊တပ်ရင်း၅၁၀၁နှင့် ၅၁၀၂ထံသို့ လက်နက်မဲ့ အလင်းဝင်လာသည်ဟု ဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီတပ်သား ၂ဦးကို စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စီစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့သည်ဟု ဆိုထားသည်။
ထို့အပြင် လက်နက်ဖြင့် အလင်းဝင်လာသူများကိုလည်း ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို လက်ခံကြိုဆိုသည်ဟု ရန်ကုန်တိုင်းစစ်ဌာနက ဖိတ်ခေါ်ထားသည်။
ဓာတ်ပုံ-ရန်ကုန်တိုင်းစစ်ဌာန ၊တပ်ရင်း၅၁၀၁ နှင့် ၅၁၀၂ ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ဦးအား ဂုဏ်ပြုငွေချီမြှင့် ။