သံလွင်ခက်
နိုဝင်ဘာ ၁၊ ၂၀၂၄။
မြန်မာနိုင်ငံ လက်နက်ကိုင်တော်လှန်ရေး သမိုင်းတွင် ပထမဆုံး ကျောင်းသားကိုယ်စားပြုတပ်အဖြစ် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)သည် ယနေ့တွင် သက်တမ်း ၃၆နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနှင့် လူငယ်များ စုစည်းကာ ABSDF ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
စတင်တည်ထောင်ချိန်မှစ၍ ABSDFသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU) တို့နှင့်လက်တွဲကာ မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့သည်။
အဲဒီနောက်ပိုင်း ၂၀၁၅ အောက်တိုဘာ ၁၅ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို ခေတ္တရပ်တန့်ခဲ့သည်။
ABSDFသည် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရုတ်သိမ်းကာ စစ်အာဏာရှင်ကို အစောဆုံးတိုက်ပွဲဝင်ခဲ့သည့် တပ်ဖွဲ့များအနက် တစ်ခုလည်းဖြစ်သည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စစ်ဒေသအသီးသီးဖွင့်ကာ စစ်ကြောင်းများ၊ တပ်ရင်းများဖြင့် စစ်ကောင်စီကို တကျော့ပြန်တိုက်ပွဲဝင်လျက်ရှိသည်။
ဓါတ်ပုံ – ABSDF