သံလွင်ခက်
အောက်တိုဘာ ၂၈၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြောက်ပိုင်းညီနောင်တပ်ဖွဲ့များမှ ထိန်းချုပ်ထားသည့် သိန္နီမြို့၊ နမ့်ခမ်းမြို့နှင့် လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သည့် ယမန်နေ့ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ကို ဗုံးသုံးကြိမ်ကြဲတိုက်ခိုက်ခဲ့သလို လောက်ကိုင်မြို့ကိုလည်း ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ဟိုတယ်နှင့် လူနေအိမ်အဆောက်အအုံအများအပြား ပျက်စီးခဲ့ပြီး အရပ်သားငါးဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ယင်းညနေ ၉ နာရီတွင် သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ထွေအုပ်ရုံးနှင့် အရပ်သားနေအိမ်များပျက်စီးခဲ့သည်ဟု MNDAA က ယနေ့တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- MNDAA