သံလွင်ခက်
အောက်တိုဘာ ၂၈၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့ကြားရှိ ပြိုကျပျက်စီးသွားသည့် တံတားတစ်စင်းကို TNLA အုပ်ချုပ်ရေးဌာတာဝန်ရှိသူများက ပြန်လည်တည်ဆောက်ပေးခဲ့သည်ဟု TNLA က ယမန်နေ့တွင်ထုတ်ပြန်သည်။
အဆိုပါ တံတားသည် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်၏ ပိတ်ပင်တားဆီးမှုကြောင့် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့နောက် ကျောက်မဲမြို့အား TNLA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများက တာဝန်ယူပြန်လည်တည်ဆောက်ပေးခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နမ့်ဆန်မြို့၊ ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့နယ်ရှိ ပြည်သူလူထုများ ကုန်စည်ပို့ဆောင်တင်သွင်းရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး ယခုအခါတွင် ဆိုင်ကယ်များနှင့် မော်တော်ကားများ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ-TNLA