• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ကျားနှင့်ဖား ကွဲသွားသည့် ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်
နေ့စဉ်သတင်း

ကျားနှင့်ဖား ကွဲသွားသည့် ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်

thanlwinkhetBy thanlwinkhetOctober 28, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ယမင်းဖူးပွင့်အောင်

အောက်တိုဘာ ၂၇၊ ၂၀၂၄။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြို့ပေါင်း ၃၈ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်းကြေညာခဲ့သည်။

စစ်ဆင်ရေး ၃ လတာအတွင်း MNDAA က သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း၊ တာမိုးညဲ၊ ဟိုပန်နှင့် ပင်လုံမြို့ စသည့် မြို့ ၁၀ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းစသည့်မြို့ ၇ မြို့တို့ကို အသီးသီးသိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ သိမ်းပိုက်နိုင်သည့်မြို့များတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှိရာလောက်ကိုင်မြို့နှင့် ကွမ်းလုံ ရက် ၄၀ ဟုနာမည်ကျော်ခဲ့သည့် ကွမ်းလုံမြို့တို့လည်း အပါအဝင်ဖြစ်ပြီး တပ်မမှုးအဆင့်ရှိသည့် ဗိုလ်မှူး ၆ယောက်နှင့် စစ်ကောင်စီတပ်ရင်းလိုက် လက်နက်ချအညံ့ခံသည်အထိ အောင်မြင်မှုများရရှိခဲ့သည်။

MNDAA သိမ်းယူနိုင်ခဲ့သည့် မြို့ပေါင်း ၁၁မြို့တွင် ဟိုပန်နှင့် ပန်လုံ မြို့နှစ်မြို့ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ထံ လွှဲပြောင်းပေးခဲ့သည်။

အဲဒီနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုနှင့် ရှမ်းမြောက်တွင် အပစ်ရပ်သဘောတူညီခဲ့ကြပြီး စစ်ဆင်ရေး ဒုတိယလှိုင်းကို ဇူလိုင်လ ၂၅ ရက်တွင် ပြန်လည်စတင်ခဲ့ပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-MDY-PDF နှင့်ပူးပေါင်းကာ မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့များအပြင် ရှမ်းမြောက်ရှိကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်မြို့များကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ စုစုပေါင်း ၈ မြို့ကို သိမ်းပိုက်နိုင်ခဲ့ဖြစ်သည်။

ထို့ပြင် MNDAA ကလည်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာလားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ရှမ်းမြောက်တွင် အပစ်ခတ်ရပ်စဲထားသည့် ၅ လတာကာလအတွင်း ရက္ခိုင့်တပ်တော်-AA က မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ သံတွဲ နှင့် ကျောက်တော် စသည့်မြို့ ၁၀ မြို့အပါအဝင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့ကိုလည်းသိမ်းပိုက်ထားနိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်သုံးဖော်နှင့်အတူ ကရင်နီအပါအဝင် ဓနု၊ ဗမာနှင့် တခြားမြေပြန့်တော်လှန်ရေးတပ်ပေါင်းစုများကလည်း ဝိုင်းဝန်းအားဖြည့်ခဲ့ကြပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဟန်ပြငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကိုလည်း တညီတညွှတ်တည်း ငြင်းပယ်ထားကြသည်။

လက်ရှိတွင် AA က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို ထိုးစစ်ဆင်နေပြီး သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကောင်စီအတွက် ဒုတိယမြောက် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် တိုင်းစစ်ဌာနချုပ်ဖြစ်လာမည်ဖြစ်သည်။

ယခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် စစ်ကောင်စီက MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စာရင်းသွင်းကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး တရုတ်ဘက်ကလည်း အပစ်အခတ်ရပ်စဲရန် ညီနောင်မဟာမိတ် ၃ ဖွဲ့အပြင် KIA ကိုလည်း ဖိအားပေးမှုများရှိလာပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်ခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေးနှင့်တောင်ကြီးကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်သွားမည်မဟုတ်ဟု MNDAA က စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။

ယနေ့ ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်သည့်နေ့တွင် စစ်ကောင်စီက MNDAA သိမ်းပိုက်ထားသည့် လောက်ကိုင်မြို့နှင့် TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့တို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာပြည်တွင် မည့်သည့်အာဏာရှင်ကိုမှ ထပ်ပြီး အုပ်စိုးခွင့်မရရှိအောင်ကြိုးစားနေဟု SNLD ဥက္ကဌဆို
Next Article ကျောက်မဲနှင့် မိုင်းငေါ့ကြားရှိ တံတားပြန်လည်ဆောက်လုပ်ပြီးစီး
thanlwinkhet
  • Website

Related Posts

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

May 22, 2025

Leave A Reply Cancel Reply

Recent Posts

  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

May 22, 2025

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

May 22, 2025

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.