ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၂၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးတစ်ဝိုက်ကို ယမန်နေ့တစ်ရက်တည်း၌ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၅ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံတချို့ထံက သိရသည်။
“ဒီနေ့တစ်နေကုန် ငါးကြိမ်ကြဲတယ်။ ဆက်တိုက်ပဲ။ စက်ရုံရဲ့ ပတ်ဝန်းကျင်ကိုကြဲချတာ။ ပြည်သူတစ်ယောက်က ဆိုင်ကယ်စီးရင်း အစမှန်ပြီး သေဆုံးသွားတယ်။ ကျန်တဲ့ထိခိုက်မှုတော့မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လမှ ယနေ့အထိ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀ ခန့်ပြုလုပ်ခဲ့သည်ဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ-လားရှိုးမြို့ပြန်လည်ထူထောင်ရေး။