သံလွင်ခက်
အောက်တိုဘာလ ၂၄၊ ၂၀၂၄။
မွန်လူမျိုးများအတွက် အကျိုးဆောင်ခဲ့သော ထိုင်းနိုင်ငံဖွား မွန်အမျိုးသားရေးဆောင်ရွက်သူ နိုင်ဘန်ကဒီး (ခေါ်) နိုင်တန်ရွန်းသည် ယမန်နေ့ အောက်တိုဘာ ၂၄ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု မွန်တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။
နိုင်ဘန်ကဒီး ကွယ်လွန်ချိန်၌ အသက် (၉၈) နှစ်ရှိပြီဖြစ်ပြီး ဘန်ကောက်မြို့၊ ထိုင်းဘုရင်မဆေးရုံတွင် ရောဂါကုသရင်း ကွယ်လွန်ခဲ့သည်။
နိုင်ဘန်ကဒီးသည် ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကဒီးကျေးရွာ၌ မွေးဖွားခဲ့သော မွန်-ထိုင်း ကပြားလူမျိုးဖြစ်သော်လည်း မွန်လူမျိုးတို့အတွက် တိုက်ပွဲဝင်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်ဟု မွန်နိုင်ငံရေး အသိုင်းအဝိုင်းက မှတ်ချက်ပြုကြသည်။
နိုင်ဘန်ကဒီး မကွယ်လွန်ခင်၌ မွန်လူမျိုးအတွက် ရည်ရွယ်ပြီး “မွန်ပြည်ကို အရင်ယူရမယ် မွန်ပြည်ရပြီးရင် ငါသေသွားလဲ ကိစ္စမရှိဘူး” ၎င်းက အမှာစကားပါးခဲ့သေးသည်။
၁၉၅၈ ခုနှစ်က မွန်ပြည်သူ့တပ်ဦး လက်နက်ချပြီးနောက် မွန်ပြည်တော်ပြန်တပ်တစ်ခု ပြန်လည်ထူထောင်ရာတွင် နိုင်ဘန်ကဒီးသည် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
ယင်းနောက် အဆိုပါတပ်ရင်းသည် မွန်ပြည်သစ်ပါတီပေါ်ပေါက်လာချိန်တွင် မွန်ပြည်တော်ပြန်တပ်တစ်ခုလုံး စစ်အင်းအားအပါအဝင် လက်နက်အင်းအားများအားလုံး ၎င်းပါတီကို အင်းအားဖြည့်စွက်ပေးခဲ့သည်ဟု မွန်နိုင်ငံရေးအသိုင်းအဝိုင်းထံက သိရသည်။
ထို့အပြင် ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီနှင့် စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေးသဘောတူပြီးနောက် မွန်ညီညွတ်ရေးအဖွဲ့ထူထောင်ချိန်၌ မွန်ညီညွှတ်ရေးအဖွဲ့ ဥက္ကဋ္ဌအနေဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်စည်။
ဓာတ်ပုံ- Mon State Television