သံလွင်ခက်
အောက်တိုဘာ ၁၈၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပန်ခါးကျေးရွာတွင် အမျိုးသား ၂ ဦးသည် ၆၀ မမ အမျိုးအစားလက်နက် ကြီးကျည်တစ်လုံးကို ဖြုတ်ရာ ပေါက်ကွက်မှုဖြစ်ပွားပြီး နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- TNLA က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက် နံနက် ၁၀ နာရီအချိန်တွင် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် ၆၀ မမ ဗုံးသီး တစ်လုံးအတွင်းရှိ ယမ်းမှုန့်များကို ထုတ်ယူရန်ကြိုးပမ်းနေစဥ် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သေဆုံးခဲ့သူများမှာ ပန်ခါးကျေးရွာတွင်နေထိုင်သည့် ခွန်ဂျာချောင် (၂၇) နှစ်နှင့် ခိုမုန်းကျေးရွာတွင်နေထိုင်သည့် ဦးညီ ထွမ်း (၆၀) နှစ်တို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း နမ့်ဖတ်ကာတွင် အမျိုးသားတစ်ဦး မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံး ကို ကိုင်မိရာမှ ပေါက်ကွဲပြီး သေဆုံးခဲ့သည်။
ထို့ပြင် မေလ ၁၃ ရက်ကလည်း မပေါက်ကွဲသေးသည့် မိုင်းကို ကလေးများ ယူဆော့မိရာမှ ပေါက်ကွဲ၍ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
ဓာတ်ပုံ-PSLF/TNLA