သံလွင်ခက်
အောက်တိုဘာ ၁၁၊ ၂၀၂၄။
မြန်မာနိုင်ငံ၊ ရှမ်းပြည် အထူးဒေသ (၁) တွင် မွေးကင်းစနှင့် ကလေးငယ်များအတွက် အခမဲ့ကာကွယ်ဆေးထိုးခြင်းအ စီအစဉ်ကို ယခုလမှစတင်၍ ဒေသတစ်ခုစီတွင် သုံးလကြာဆောင်ရွက်သွားမည်ဟု ကိုးကန့်တပ်မတော်မှ ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ပန်ဆိုင်းမြို့၊ တာမိုးညဲမြို့နယ်တို့တွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းပြီးမြောက်ခဲ့ပြီး သိန္နီမြို့နယ်နှင့် လောက်ကိုင်မြို့ တို့တွင် စတင်မည်ဖြစ်ကာ အထူးဒေသနယ်မြေတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
အထူးဒေသ(၁)၏ ကျန်းမာရေးဌာနမှ မူလကာကွယ်ဆေးလေးမျိုးအပေါ်အခြေခံ၍ ယခုလတွင် နောက်ထပ်ကာကွယ် ဆေးလေးမျိုးထပ်မံထည့်သွင်းမည်ဖြစ်သည်ဟု ဆိုထားသည်။
ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်ကလည်း လားရှိုးမြို့တွင်လည်း CDM ဝန်ထမ်း ၂၇၀ ကျော်ဖြင့် ကျန်းမာရေးဌာန၊ ကုသရေးပိုင်းကို စတင်နေပြီဟု MNDAA က ထုတ်ပြန်ထားသည်။
၁၀၂၇ ပထမလှိုင်းစစ်ဆင်ရေးအတွင်း ရှမ်းပြည်၊ မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထား သောနယ်မြေများအနက်မှ မြန်မာနိုင်ငံ၊ ရှမ်းပြည်အထူးဒေသ (၁) အဖြစ် အခြေခံဥပဒေဖြင့်ထူထောင်မည်ဟု MNDAA က ယခုနှစ်ဆန်းပိုင်းတွင် ကြေညာထားသည်။
ဓာတ်ပုံ- The Kokang