သံလွင်ခက်
အောက်တိုဘာ ၁၁၊ ၂၀၂၄။
စစ်ကောင်စီ၏ အမာခံလော်ဘီတစ်ဦးဖြစ်သည့် ကျော်စွာမှဦးဆောင်၍ ရဲဝင့်စွန့်စားပြည်ချစ်သား၊ မှိုင်းဝေ၊ ကိုသက်နှင့် Local News Media စသည့်တယ်လီဂရမ်ချန်နယ်များတွင် မန္တလေးပြည်သူ့များစစ်သင်တန်း အမှတ်စဉ် (၁၁) အတွက် အလှူငွေကောက်ခံမှုများပြုလုပ်လျက်ရှိသည်။
၎င်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ- NUG အပါအဝင် တော်လှန်ရေး PDF တပ်ဖွဲ့များ၏ အလှူငွေကောက်ယူမှု များနှင့်ပတ်သက်၍ ‘ခွက်ခေါက်များ’ စသည့် ကြမ်းတမ်းသောအသုံးအနှုန်းများဖြင့် မကြာခဏတိုက်ခိုက်ခဲ့ကြသည်။
ယခုအခါ အဆိုပါစစ်ကောင်စီလော်ဘီများမှ မန်းလေးပြည်သူ့စစ်များ၏သက်သာချောင်ချိရေးအတွက်ဟုဆိုကာ မန်း- ပသစ၊ Kyaw Swar တယ်လီဂရမ်ချန်နယ်နှင့် မောင်ထက်အောင်ခန့် KBZ Pay အကောင့်ဖုန်းနံပါများတင်ကာ ကောက်ခံနေခြင်းဖြစ်သည်။
ထိုအလှူခံပို့စ်တွင် ပြည်သူ့စစ်အဖြစ်စုဆောင်းခံရသူများကို မန္တလေးတိုင်းအတွင်းရှိ စက်ပစ်ကွင်းများတွင် သေနတ်ပစ် လေ့ကျင့်ပေးနေသည့် ဓာတ်ပုံအဟောင်းများဖြင့် ဖော်ပြထားသည်။
အဆိုပါနေရာများသည် အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်းရှိရာ ရမည်းသင်းမြို့နယ်အတွင်းက လေ့ကျင့်ရေးကွင်းများဖြစ်သည်ကို တွေ့ရှိရသည်။
အဆိုပါ လေ့ကျင့်ရေးကွင်းသည် တည်နေရာ 20.454933, 96.267940 ဖြစ် သည်ကို တွေ့ရှိရသည်။ နောက်ထပ် ပစ်ကွင်းတစ်ခုမှာ 20.469637, 96.256167 ဖြစ်သည်။
ခေတ်အဆက်ဆက် နိုင်ငံတော်ဘတ်ဂျက်ကို အများဆုံးယူခဲ့သည့် စစ်တပ်သည် ယခုဘဏ္ဍာနှစ်တွင်လည်း ကာကွယ် ရေးဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျတ်အားလုံး၏ ၂၈.၂၃ ရာခိုင်နှုန်းကို အများဆုံးရယူထားသည်။
___________
ပုံစာ- ရမည်းသင်းမြို့နယ်၊ စက်ပစ်ကွင်းများတွင် လေ့ကျင့်နေသည့် မန်းပြည်သူ့စစ်များ။ ဓာတ်ပုံ- ကျော်စွာ၊ Google Map