သံလွင်ခက်
အောက်တိုဘာ ၁၁၊ ၂၀၂၄။
ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ နတ်မြစ်အတွင်းသို့ကျူးကျော် ငါးဖမ်းခဲ့သည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား (၅) ဦးကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့မှဖမ်းဆီးခဲ့ပြီးနောက် ဘင်္ဂလာဒေ့ရှ်အာဏာပိုင်များနှင့်ညှိနှိုင်းကာ ပြန် လည်လွှဲပြောင်းပေးခဲ့သည်ဟု အာရက္ခတပ်တော်က ယမန်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်တွင် ဘင်္ဂလာဒေ့ရှ်နယ်စပ်အနီး အာရက္ခရေပိုင်နက် (နတ်မြစ်) အတွင်းသို့ ဝင်ရောက်ငါးဖမ်းခဲ့သည့် စက်လှေ ၂ စီးအနက် ၁ စီးကို AA ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရေလုပ်သား (၅) ဦးကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဘင်္ဂလာဒေ့ရှ်အာဏာပိုင်များ၏ ညှိနှိုင်းတောင်းဆိုချက်ဖြင့် ယင်းနိုင်ငံသား ရေလုပ်သား (၅) ဦးအား အောက်တိုဘာလ (၉) ရက်တွင် နောက်ထပ်ကျူးကျော် ငါးဖမ်းခြင်းမပြုရန် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုထားသည်။
ဘင်္ဂလာဒေ့ရှ်- အာရက္ခနယ်စပ်နှင့် နတ်မြစ်တစ်လျှောက်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်နေမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ထိုဖြစ်စဉ်များတွင် ARSA၊ RSO နှင့် ARA အကြမ်းဖက်လက်နက်ကိုင်အဖွဲဝင်များသည် မြစ်ကြောင်းတစ် လျှောက် ငါးဖမ်းသမားများအဖြစ်ဟန်ဆောင်ပြီး အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့သောသာဓကဖြစ်စဉ်တချို့ရှိခဲ့သည် ဟု AA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- AA Info Des