ခင်သရဖီဦး
အောက်တိုဘာ ၉၊ ၂၀၂၄။
ရခိုင်ပြည် တောင်ကုတ်မြို့နယ်၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့ကို စစ်ကောင်စီက ၂ရက်ဆက် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁၃ ဦးသေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် ည ၁၁ နာရီတွင် တောင်ကုတ်မြို့နယ် ရွာမမြို့ကို ညအချိန်လေကြောင်းဖြင့် ဗုံး ၂ကြိမ်ကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၁၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“လူတွေက အစအနတွေ လိုက်ကောက်ပြီး စာရင်းပြုစုရတဲ့အခြေအနေများတယ်။ တစ်အိမ်တည်းက ၃ ယောက်လောက် သေတဲ့လူတွေလည်းသေတယ်။ ညအိပ်မောကျနေချိန် ဖြစ်သွားတော့ ပိုဆိုးတာပေါ့” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် ၈ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း ပုဏ္ဏာကျွန်းမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့ကို ထပ်မံဗုံးကြဲခဲ့သဖြင့် အိမ်တချို့နှင့် ပေါက်တောနယ်၊ နတ်တောင်ပြင်ရွာမှ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု သိရသည်။
ပုံစာ- ပုဏ္ဏားကျွန်းမြို့တွင် ပျက်စီးသွားသည့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ- ABN