မောင်ဘဦး
အောက်တိုဘာ ၈၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် လယ်ယာလုပ်ကိုင်နေသည့် အမျိုးသားသူ တစ်ဦးသေဆုံးခဲ့ရသည်ဟု ရေဦးမြို့နယ် People’s Defense Comrade ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တောင်ယာပြင်ရပ်ကွက်နေ ကိုကျော်ဇင်အောင်သည် ၎င်း၏လယ်ယာတွင် မြေဆီပက်နေစဉ် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။
“ဒီပဲယင်းမြို့ထဲအထိုင်ချတဲ့ ခွေးတွေက ရမ်းသမ်းပစ်ခက်တာ၊ စပါးခင်း မြေဆီပတ်နေတဲ့အမျိုးသားရဲ့ ဦးခေါင်းကို ဝင်မှန်တာ။ ခေါင်းပွင့်ပြီး နေရာတင်ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု PDC မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောသည်။
ယင်းနေ့မှာပဲ စစ်ကောင်စီတပ်မှ တောင်ယာပြင်ရပ်ကွက်အပါဝင် ပတ်ဝန်းကျေးရွာများကိုလည်း MI- 35 နှစ်စီးအပါဝင် ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံများပျက်စီးခဲ့ရသည်ဟု သိရသည်။