မောင်ဘဦး
အောက်တိုဘာ ၅၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နှင့် ကံပြားကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက MI-35 နှစ်စီးဖြင့် ယနေ့ နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် လာရောက်ပစ်ခတ်ခဲ့သည်ဟု ရေဦးမြို့နယ်၊ People’s Defense Comrade ထံမှသိရသည်။
စစ်ကောင်စီတပ်မှ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရပ်ကွက်၊ တောင်ပြင်ရက်ကွက်နှင့် ကံပြားရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချဲနယ်များမှ ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်များမှ ဝိုင်းထားသည်ဆိုသည့် သတင်းမှားများကြောင့် ယခုလို ပစ်ခတ်ခြင်းဖြစ်သည်။
“လက်ရှိအနေထားအရ ဒေသတွင်းတိုက်ပွဲလည်းမရှိဘူး။ မြို့ကိုပြန်သိမ်းမယ်အထင်နဲ့ လာပစ်တယ်လို့ယူဆတာပဲ။ စစ်ကောင်စီက ကြောက်ပြီး မဲမဲမြင်ရာပစ်နေတာ” ဟု ရေဦးမြို့နယ်၊ PDC မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောသည်။
ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် သြဂုတ်လတွင် ခေတ္တသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီမှ မြေပြင်စစ်ကြောင်းနှင့် လေကြောင်ပစ်ကူများဖြင့် စစ်ကြောင်းထိုးကာ ပြန်လည်ရယူခဲ့သည်။
“အခု ခြေနေအရ အပျက်အဆီးမသိရသေးဘူး။ အထိခိုက်လည်းမသိရသေးဘူး” ဟု ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ဆက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလလဆန်းပိုင်းတွင်လည်း စစ်ကောင်စီက ဒီပဲယင်းမြို့အပါအဝင် ရေဦးနှင့် ဘုတလင်မြို့များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
ပုံစာ-ဒီပဲယင်းမြို့ကိုသိမ်းပိုက်ရရှိပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံအဟောင်း)။
ဓာတ်ပုံ-U Pyay