သံလွင်ခက်
အောက်တိုဘာ ၂ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိ မှန်မှုကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ နံနက် ၈နာရီဝန်းကျင်တွင် ကလေးမြို့နယ်တောင်ပိုင်း ကျန်သာ၊ ဟံသာဝတီနှင့် မြောက်ခရမ်းကျေးရွာရှိ စစ် ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများက တင်သား၊ ဒိုးနွယ်၊ အရှေ့စီးကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ သဖြင့် ဒိုးနယ်ရွာမှ ၃ ဦးနှင့် အရှေ့စီးရွာမှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
“တောင်ပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ၊ ပြည်သူတွေထိခိုက်မှုတွေရှိတော့ တော်တော်လေး စိုးရိမ်ထိတ်လန့်နေကြတယ် အမြဲသတိဝီရီယနဲ့ နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုနှစ် မေလ ၂၉ ရက်တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားကျေးရွာက ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ပုံစာ – လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည့် တင်သားကျေးရွာက နေအိမ်တစ်လုံး။ (ပုံ- အဟောင်း)