• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး
  • ရေလက်ကြားကို ပြန်မဖွင့်ရင် ငရဲရောက်သွားမည်ဟု ထရမ့်ခြိမ်းခြောက်
  • မယ်စဲ့ရောက် ဖယ်ခုံစစ်ရှောင်များ အိမ်ထောင်စု ၃ စုလျှင် ဓားမတစ်လက်ဖြင့် တောင်ယာမျှခုတ်နေရ
  • သက်ငယ်မုဒိမ်းကျင့်ကာ အလောင်းဖျောက်ခဲ့သူ အမျိုးသားအား NUG သေဒဏ်ချမှတ်
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေတိုက်ပွဲများကြောင့် ထိုင်းစစ်တပ်အကြီးအကဲ နယ်စပ်လုံခြုံရေးစစ်ဆေး
  • စစ်အုပ်စုက ဝေါလေဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
  • စစ်တပ်က ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များတွင် လေကြောင်းမှ တောမီးငြှိမ်းသတ်မှု ဆောင်ရွက်
  • ထိုင်းတွင် အပူရှိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ပြီး မုန်တိုင်းများဖြစ်ပေါ်နိုင်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»KIA က ၇ လအတွင်း ချီဖွေ နှင့် ဆော့လော်အပါအဝင် မြို့နယ် ၅ ခုကို သိမ်းပိုက်နိုင်ခဲ့
တိုက်ပွဲသတင်း

KIA က ၇ လအတွင်း ချီဖွေ နှင့် ဆော့လော်အပါအဝင် မြို့နယ် ၅ ခုကို သိမ်းပိုက်နိုင်ခဲ့

thanlwinkhetBy thanlwinkhetOctober 2, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ထွယ်

အောက်တိုဘာ ၂၊ ၂၀၂၄။

ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပူးပေါင်းတပ်များက ၇ လအတွင်း ကချင်ပြည်နယ်အတွင်းရှိ ချီဖွေ နှင့် ဆော့လော်အပါအဝင် မြို့နယ် ၅ ခုကို သိမ်းပိုက်ထားနိုင်သည်။

စက်တင်ဘာ ၂၉ ရက်ကစ၍ ၄ ရက်တာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်သည် ကချင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်းရှိ မြို့နယ် နှစ်ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ၎င်း၏ လက်အောက်ခံတပ်ဖွဲ့ဖြစ်သော ဇခုန်တိန်ယိမ်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) နယ်ခြားစောင့်တပ် – BGF အပါအဝင် လဆန်အောင်ဝါ ဦးဆောင်သည့် ပြည်သူ့စစ် – P.T.Ts တို့ တပ်စွဲသည့်နေရာများဖြစ်သည့် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချီဖွေခရိုင်တွင် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့ကပင် ချီဖွေမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့နံနက် ၇ နာရီခန့်တွင် ဆော့လော်မြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူ က သံလွင်ခက်ကို ပြောသည်။

“ဆော့လော်သိမ်းပေးလိုက်ရင် ကျန်တဲ့စခန်းတွေက နေလို့ မရတော့ဘူး သန့်ပြီလို့ ပြောလို့ရတာပေါ့။ ချီဖွေလည်း အကုန်ရပြီ၊ ဆော့လော်လည်း ရပြီဆိုတော့ ၂ မြို့နယ်လုံး ရပြီလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

ချီဖွေမြို့မှ မိုင် ၄၀ အကွာတွင် တည်ရှိပြီး မြို့နယ်ခွဲတစ်ခုဖြစ်သော ဇခုန်တိန်ယိမ်း ဦးဆောင်သည့် နယ်ခြားစောင့်တပ်ဖွဲ့များရှိရာ ပန်ဝါမြို့ ကျန်ရှိနေသေးသည်ဟု ဗိုလ်မှူးကြီး ဦးနော်ဘူထံက သိရသည်။

ယခုနှစ် မတ်လ ၇ ရက်က စတင်ခဲ့သည့် ကချင်ထိုးစစ်သည် ၇ လခန့်ကြာပြီးနောက် မြစ်ကြီးနားခရိုင်အတွင်းရှိ အင်ဂျန်းယန်မြို့နယ်၊ ပူတာာအို ခရိုင်အတွင်းရှိ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ဗန်းမော်ခရိုင်အတွင်းရှိ မိုးမောက်မြို့နယ် အပါအဝင် ချီဖွေခရိုင်အတွင်းရှိ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်များဖြစ်ကြသည့် မြို့နယ် ၅ ခုကို သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

ပုံစာ – KIA တပ်ဖွဲ့ဝင် တချို့။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဖလူးကြီးဒေသခံများ တိမ်းရှောင်နေရ
Next Article လက်နက်ကြီး ထိမှန်မှု‌ကြောင့် ကလေးမြို့ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရ
thanlwinkhet
  • Website

Related Posts

သက်ငယ်မုဒိမ်းကျင့်ကာ အလောင်းဖျောက်ခဲ့သူ အမျိုးသားအား NUG သေဒဏ်ချမှတ်

April 6, 2026

စစ်အုပ်စုက ဝေါလေဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

April 6, 2026

တနင်္သာရီတွင် နှစ်လအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ရာနှင့်ချီ ပျက်စီး

April 4, 2026

Leave A Reply Cancel Reply

Recent Posts

  • မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး
  • ရေလက်ကြားကို ပြန်မဖွင့်ရင် ငရဲရောက်သွားမည်ဟု ထရမ့်ခြိမ်းခြောက်
  • မယ်စဲ့ရောက် ဖယ်ခုံစစ်ရှောင်များ အိမ်ထောင်စု ၃ စုလျှင် ဓားမတစ်လက်ဖြင့် တောင်ယာမျှခုတ်နေရ
  • သက်ငယ်မုဒိမ်းကျင့်ကာ အလောင်းဖျောက်ခဲ့သူ အမျိုးသားအား NUG သေဒဏ်ချမှတ်
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေတိုက်ပွဲများကြောင့် ထိုင်းစစ်တပ်အကြီးအကဲ နယ်စပ်လုံခြုံရေးစစ်ဆေး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

ရေလက်ကြားကို ပြန်မဖွင့်ရင် ငရဲရောက်သွားမည်ဟု ထရမ့်ခြိမ်းခြောက်

မယ်စဲ့ရောက် ဖယ်ခုံစစ်ရှောင်များ အိမ်ထောင်စု ၃ စုလျှင် ဓားမတစ်လက်ဖြင့် တောင်ယာမျှခုတ်နေရ

သက်ငယ်မုဒိမ်းကျင့်ကာ အလောင်းဖျောက်ခဲ့သူ အမျိုးသားအား NUG သေဒဏ်ချမှတ်

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

April 6, 2026

ရေလက်ကြားကို ပြန်မဖွင့်ရင် ငရဲရောက်သွားမည်ဟု ထရမ့်ခြိမ်းခြောက်

April 6, 2026

မယ်စဲ့ရောက် ဖယ်ခုံစစ်ရှောင်များ အိမ်ထောင်စု ၃ စုလျှင် ဓားမတစ်လက်ဖြင့် တောင်ယာမျှခုတ်နေရ

April 6, 2026

သက်ငယ်မုဒိမ်းကျင့်ကာ အလောင်းဖျောက်ခဲ့သူ အမျိုးသားအား NUG သေဒဏ်ချမှတ်

April 6, 2026

ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေတိုက်ပွဲများကြောင့် ထိုင်းစစ်တပ်အကြီးအကဲ နယ်စပ်လုံခြုံရေးစစ်ဆေး

April 6, 2026

စစ်အုပ်စုက ဝေါလေဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

April 6, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.