သံလွင်ခက်
အောက်တိုဘာလ ၁၊ ၂၀၂၄။
စစ်ကောင်စီ၏ “နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်း” နှင့် တရားမဝင်အ တုအယောင်ရွေးကောက်ပွဲအား ပြတ်ပြတ်သားသားပယ်ချသည်ဟု NUG နှင့် NUCC က ယနေ့ ပူးတွဲကြေညာသည်။
NUCC နှင့် NUG တို့ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်း ကော်မတီမှ ထိုသို့ထုတ်ပြန်လာခြင်းဖြစ်ပြီး ယခုကဲ့သို့ဖိတ်ခေါ်ခြင်းသည် ယုတ္တိမရှိသောလုပ်ရပ်သာဖြစ်သည်ဟု ဆို သည်။
ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ ဖိတ်ခေါ်စာတွင်တော်လှန်ရေးအဖွဲအစည်းများအပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ PDFများအား လက်နက်ချလာရောက်ပူးပေါင်းရန် ပြောဆိုထားခြင်းဖြစ်ပြီး ၎င်းတိုနှင့်နီးစပ်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၏အမြင်ကောင်းရရှိမှုကိုသာ အားထုတ်ထားသည့် ကြိုးစားမှုတစ်ရပ်သာဖြစ်သည်ဟု ဖော် ပြထားသည်။
လက်ရှိအချိန်အထိ စစ်အုပ်စုသည် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများကို ယခုချိန်အထိ ဝန်ခံခြင်းမရှိဘဲ နိုင်ငံတကာ နှင့် ပြည်တွင်းဖိအားများရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲ၊ အယောင်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ ပြုလုပ်ခြင်း၊ အာဏာသိမ်းခြင်းစသည့် အဆိုးကျော့သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထုလိုလားသော စစ်မှန်သည့် ငြိမ်းချမ်း ရေးအား မည်သည့်အခါမှဖော်ဆောင်ပေးခြင်း မရှိခဲ့သည်ကိုလည်းသတိပြုကြရန် လိုအပ်သည်ဟု တိုက်တွန်း ထားသည်။