သံလွင်ခက်
အောက်တိုဘာ ၁၊ ၂၀၂၄။
နိုင်ငံတဝှမ်းက အကျဉ်းထောင် ၉ ခုတွင် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်ခြင်းကြောင့် အခုနှစ် ၉ လအတွင်းမှာ နိုင်ကျဉ်း ၁၁ ဦးအပါအဝင် CDM ရဲ တစ်ဦး သေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက်- PPNM က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ကျိုက်မရောအကျဉ်းထောင်၊ မကွေးထောင်၊ ကလေးအကျဉ်းထောင်၊ မန္တလေးအိုးဘိုအကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်၊ လယ်ဝေးအကျဉ်းထောင်၊ သရက်ထောင်၊ အင်းစိန်ထောင်၊ သထုံထောင်တို့မှ နိုင်ငံရေးအ ကျဉ်းသား(၉) ဦး ၊ နိုင်ငံရေးအကျဉ်းသူ(၂) ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် တရားစွဲဆိုခံထားရသူ) (၁) ဦး စုစုပေါင်း (၁၂) ဦး အသက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
သေဆုံးခဲ့ရသူအများစုတွင် ဆေးဝါးလုံလောက်မှုမရရှိခြင်းကြောင့် သေဆုံးသူ ၇ ဦး၊ စစ်ကြောရေးမှ ရရှိခဲ့သည့် အတွင်းဒဏ်ရာများ ကောင်းစွာကုသခွင့်မရခြင်းကြောင့် သေဆုံးသူ ၃ ဦးနှင့် အကျဉ်းထောင်ဆရာဝန်၏ပေါ့ လျော့မှုကြောင့် CDM ရဲဝန်ထမ်း ကိုမျိုးသူအပါ ၂ ဦး သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
အကျဉ်းထောင်များသည် အရှေ့တန်းစစ်မြေပြင်တဖွယ် ခေါင်းစဉ်အမျိုးမျိုးနှင့် သတ်ဖြတ်ခံနေရကြောင်းနှင့် ဆေးဝါးလုံလောက်မှုနှင့် ဆရာဝန်လုံလောက်မှုမရှိသည့် ထောင်ဆေးရုံများသည်လည်း နိုင်ကျဉ်းများအား မသေဆုံးခင် ယာယီထားသည့် နေရာများအဖြစ်တာ ဆက်ရှိနေသည်ဟု PPNM မှ ဖော်ပြထားသည်။
ဓာတ်ပုံ- PPNM