သံလွင်ခက်
စက်တင်ဘာလ ၂၈၊၂၀၂၄။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်သည် လက်ရှိနိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်များအပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ပဲ စစ်မှန်သော ဖက်ဒရယ်စနစ်ဖြစ် ပေါ်ရေးကြိုးပမ်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အတွင်း ၎င်းတို့၏မတရားလုပ်ဆောင်ချက်များကို တားမြစ်သွားမည်ဟု IEC ၏ သဘောထားကို အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလို၍ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းလာခြင်း၊ဒီမိုကရေစီ အင်အားစုများအကြား သွေးခွဲရန်ရည်ရွယ်ချက်ဖြင့် အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်းစသော အချက်များကြောင့် စစ်တပ်၏ဖိတ်ခေါ်ချက်အပေါ် လက်ခံ ညှိနှိုင်းမည်မဟုတ်ဘဲ လုပ်ဆောင်မှုများကို တားမြစ်သွားဟု IEC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။