သံလွင်ခက်
စက်တင်ဘာလ ၂၈၊၂၀၂၄။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် မှတ်တိုင်အုပ်စု မြွေကြီးတွင်းရွာနေ အုပ်ချုပ်ရေးမှူးဦးတင်ဦးကို စက်တင်ဘာလ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပြည်ခရိုင် PDF တပ်ခွဲတို့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။
ဦးတင်ဦးသည် စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းခြင်း၊ ကျေးရွာအုပ်စုအတွင်း မီတာခနှင့် လယ်ယာချေးငွေများကို အဓမ္မကောက်ခံခြင်းတို့ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။
ယခု စစ်ဆင်ရေးကို ပြည်ခရိုင်သူ့ကာကွယ်ရေးတပ်မတော်- ၃၆၀၁ PPDF တပ်ရင်းတပ်ခွဲ (၅) နှင့် ၃၆၀၂ PDF တပ် ရင်းတပ်ခွဲ (၄) တို့မှ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ပြည်ခရိုင်အတွင်း စစ်ကောင်စီအတွက် အလိုကျလုပ်ဆောင်ပေးနေသည့် (၁၂) ရပ်ကွက်အုပ်ချူပ်ရေးမှူးအပါအဝင် မြို့ပေါ်နေအုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီဌာနဆိုင်ရာမှ ဝန်ထမ်းများကို အရေးယူသွားမည်ဟု ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဖော်ပြထားသည်။