သံလွင်ခက်
စက်တင်ဘာ ၂၇၊ ၂၀၂၄။
ထိုင်းနိုင်ငံမှာ ဒီနေ့ည ၇ နာဝန်းကျင်မှာ ကျင်းပသွားမဲ့ ONE Friday Fights 81 ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားတွေဖြစ်ကြတဲ့ စိုးလင်းဦး၊ သန့်ဇင်တို့ဟာ ထိုင်းကစားသမား နာဘီ၊ ဂျပန်ကစားသမား တာကဲရုတို့နဲ့ One Championship မွေထိုင်းလက်ဝှေ့နဲ့ ကစ်ဘောက်ဆင်ပြိုင်ပွဲမှာ ထိုးသတ်သွားဖို့ရှိပါတယ်။
မာဂုဏ်ရှိတဲ့ စိုးကြီးဟာ သူ့ရဲ့ဒေါ်လာ ၁ သိန်းတန်စာချုပ်ဖွင့်ပွဲကစားရမှာဖြစ်ပြီး သန့်ဇင်ကတော့ တစ်ဖက်ဂျပန် ကစားသမားအသားကျနေတဲ့ ကစ်ဘောက်ဆင်ကစားနည်းနဲ့ ကစားရမှာဖြစ်ပါတယ်။
ဒီပွဲစဉ်နှစ်ပွဲဟာ မြန်မာ့အားကစားပရိသတ်တွေကြားမှာ ရေပန်းစားနေသလို အထူးသဖြင့် သန့်ဇင် Vs တာကဲရုပွဲဟာ အဆင့်ကွာခြားတဲ့အနေအထားမှာ ရှိနေတာကြောင့် မဖြစ်သင့်တဲ့ ပွဲစီစဉ်မှုဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေတာပါ။
လတ်တလော ONE Friday Fights ပြိုင်မှာ မြန်မာနိုင်ငံကကစားသမားတွေ ရုန်းကန်နေကြရပြီး ပြီးခဲ့တဲ့ပြိုင်ပွဲတွေတုန်းက အောင်လအန်ဆန်းအပါအဝင် သွေးသစ်ဝင်းလှိုင်နဲ့ နော်ဥမ္မာစိုး (Rt1) တို့ ရှုံးနိမ့်ထားပါတယ်။
မြန်မာကစားသမားတွေအတွက် ခက်ခဲတဲ့ ONE ပြိုင်ပွဲမှာ အရပ် ၉ လက်မ နီးပါးမြင့်တဲ့ ပြိုင်ဘက်နာဘီ၊ ကမ္ဘာ့အဆင့် ကစ်ဘောင်ဆင်သမားတာကဲရုတို့ကို ရိုးရာလက်ဝှေ့မောင်တွေက အသည်းကောင်းကောင်းနဲ့ ဖြတ်ကျော်နိုင်မလားဆို တာစောင့်ကြည့်ရမှာပါ။
ဓာတ်ပုံ- ONE