ခင်သရဖီဦး
စက်တင်ဘာ ၂၆၊၂၀၂၄။
ရခိုင်ပြည်၊ သံတွဲမြို့ပေါ်ကို ယနေ့နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ဒေသခံ ၁၄ ဦးသေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီမှ ဂျက်ဖိုက်တာနှစ်စီးဖြင့် ရပ်ကွက် ၈ ရှိမြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို တချိန် တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့မနက်ပိုင်းက မြို့တော်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးကို ချတာပါ။ စစ်ရှောင်နေတဲ့ လူတွေရှိနေ တာပေါ့။ ထိခိုက်သေဆုံးတာတွေမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေများတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။
ဒဏ်ရာရရှိသူများမှာ ဆေးကုသမှုခံနေပြီး အသက်အန္တာရာယ် စိုးရိမ်ရသူများလည်း ရှိနေသည်ဟု သိရသည်။
ယခုလ နှစ်ရက်အတွင်း စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် တောင်ကုတ်၊ မြေပုံနှင့် သံတွဲမှ ဒေသခံ ၁၈ ဦးသေ ဆုံးပြီး ၅၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိထားသည်။
ဓာတ်ပုံ- One Nation News