သံလွင်ခက်
သြဂုတ် ၃၁၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အုပ်ချုပ်ရေးဌာနတချို့ကို CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အရပ်ဘက်ဝန်ထမ်းများဖြင့် ပြန်လည်စတင်နေပြီဟု MNDAA က ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်မှ CDM ဝန်ထမ်းများ၏ စာရင်းလက်ခံပေးခဲ့ပြီး ယခုတွင် စာရင်းပေးသူပေါင်း ၂၇၀ ကျော် အထိရှိကာ ကျန်းမာရေးဌာန၊ ကုသရေးပိုင်းကို စတင်နေပြီဟု ဆိုထားသည်။ များမကြာခင်တွင် ပညာရေးပိုင်းကိုလည်း စတင်နိုင်တော့မည်ဟု ဖော်ပြထားသည်။
CDM ဝန်ထမ်းများအနေဖြင့် ဌာန၏ထုတ်ပယ်ခံရကြောင်း မိတ္တူ (သို့မဟုတ်) မိမိဌာနအတွင်း တခြား CDM ဝန်ထမ်းတစ်ဦး၏ ထောက်ခံချက်ဖြင့် အောက်ပါ ဖုန်းနံပါတ်များတွင် စာရင်းပေးသွင်းနိုင်သည်ဟု ဖော်ပြထားသည်။
၀၉ ၆၆၆ ၅၈၅ ၄၉၅ – Telegram, Viber။
၀၉ ၄၄၀ ၀၉၃ ၄၉၅ – Telegram
၀၉ ၇၉၃ ၆၄၇ ၉၆၃ – Viber