ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အင်အားအလုံးအ ရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ယနေ့တွင်လည်း ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။
ဒီဇင်ဘာလ (၃)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်မှစ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF B (01)၊ B (05)၊ B (06) ၊ B (07) ၊ B (09) နှင့် KA တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၃ရက်တွင် တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထို့နောက် ယမန်နေ့၌ ထိတွေ့မှုမဖြစ်ခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု KNDF တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
၎င်းက ” စစ်ကောင်စီတပ်တွေကလည်း မဆုတ်သေးဘူး။ ကျွန်တော်တို့တပ်ရင်းတွေကလည်း နေရာယူထားတာတွေရှိတယ်။ လှုပ်ရှားနေတာတွေရှိတယ်။ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ်။ မနေ့ကတော့ ထိတွေ့မှုမရှိဘူးလို့ ရဲဘော်တွေကသတင်းပို့လာတယ်။ ဒီမနက်က ဒီတွေ့မှုတော့ဖြစ်တယ် ကြီးကြီးတော့မဟုတ်ဘူးဗျ။ တစ်ဖက်နဲ့တစ်ဖက်ပစ်ပြီး အခြေအနေစောင့်ကြည့်လိုက်ပဲ”ဟု ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ထိတွေ့မှုအနည်းငယ်သာဖြစ်ပွားသော်လ ည်း စစ်ကောင်စီတပ်က နံနက်အစောပိုင်း ၄ နာရီကတည်း က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု သိရသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကုန်းသာ၊ သေးဆူလဲ၊ ဒေါကမီး စသည့်ကျေးရွာများဘက်၌ ၇ လခန့်တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များ ပူးပေါင်း ၍ ပြီးခဲ့သည့်နိုဝင်ဘာလကုန်ပိုင်း၌ တိုက်ထုတ်ခဲ့ပြီး နယ်မြေထိန်းချုပ်နိုင်သည့်အခြေအနေတွင် စစ်ကောင်စီတပ်များက ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
” လက်နက်ကြီးတွေက အခုထိကျနေတုန်းပဲ။ နီးနီးလေးကို ကျနေတာ။ ထိတွေ့မှု အခြေအနေတော့ အတိအကျမသိရသေးဘူး။ တပ်ရင်းက ရဲဘော်တွေတော့ စစ်ကူသွားကြတယ် “ဟု ဒီးမော့ဆို PDF တပ်ရင်းA ရဲဘော်တစ်ဦးက နံနက် ၁၁ နာရီခန့်တွင်ပြောသည်။
ဓာတ်ပုံ-KNDF B01