• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ဂုဏ်သိက္ခာအတွက် အရှက်ပြေ ဆင်ဖြူရှင်စစ်ဆင်ရေး
ဆောင်းပါး

ဂုဏ်သိက္ခာအတွက် အရှက်ပြေ ဆင်ဖြူရှင်စစ်ဆင်ရေး

thanlwinkhetBy thanlwinkhetAugust 30, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

သြဂုတ် ၃၀၊ ၂၀၂၄။

လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်လုံးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ စစ်ကောင်စီဟာတန်ပြန်စစ်ဆင် ရေးတစ်ရပ် ဆင်နွှဲဖို့ အားပြုနေတာကို တွေ့ရပါတယ်။

ကုန်းဘောင်ခေတ်လက်ထက် တရုတ်နိုင်ငံ၊ ချင်မင်းဆက်အင်ပါယာရဲ့ ထိုးစစ်တွေကို အကြိမ်ကြိမ် အောင်ပွဲဆင်နိုင်ခဲ့ဖူး တဲ့ ဆင်ဖြူရှင်ရဲ့အမည်ကို ခုတစ်ကြိမ်စစ်ဆင်ရေးမှာ အသုံးပြုမယ့်အနေအထားပါ။

နိုင်ငံအနှံ့စစ်မျက်နှာတိုင်းမှာ ရှုံးနိမ့်မှုတွေ ကြုံတွေ့နေရတဲ့ စစ်ကောင်စီဟာ ဆင်ဖြူရှင်စစ်ဆင်ရေးကို စိတ်ဓာတ်မြှင့် တင်ရေး အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်‌ထားကြပါတယ်။

ဒုစစ်ခေါင်းဆောင် ကွပ်ကဲမယ့် စစ်ဆင်ရေး

****************

ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်ဖို့  စစ်ကောင်စီက ဆင်ဖြူရှင်စစ်ဆင်ရေးကို သြဂုတ် ၁၃ ရက်မှာ ဖွဲ့စည်းခဲ့ ၏ပြီး အဲ့ဒီစစ်ဆင်ရေးကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ထပ်မံဦးဆောင်မယ်လို့ ကနဦးသတင်းတွေထွက် ပေါ်နေပါတယ်။

အမှတ် ၂ ကစထမှူးအသစ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ရပခတိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ တသခတိုင်းမှူးဗိုလ် ချုပ်အောင်ဇော်ထွေး၊ ရလခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ရမခတိုင်းမှူး ဗိုလ်ချုပ်ကျော်မြင့်ထွန်းတို့ကို ဒုစစ်ခေါင်း ဆောင်က ခေါ်တွေ့ခဲ့ပြီး စစ်ဆင်ရေးကိစ္စရပ်တွေ ပြင်ဆင်နေတယ်လို့ DVB သတင်းဌာနက ကက(ကြည်း)ရုံးနဲ့ နီးစပ်သူ တဦးထံက သိရတယ်လို့ ဆိုပါတယ်။

ဆင်ဖြူရှင်စစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီလော်ဘီတွေက ဒီသြဂုတ်လထဲမှာ သွင်သွင်ကျယ်ကျယ် ပြောဆိုလာ ကြတာ တွေ့ရပါတယ်။

မြန်မာစစ်တပ်သမိုင်းကြောင်းတလျှောက် ဂုဏ်ယူဝံ့ကြွားနေရတဲ့ ရှမ်းမြောက်ဒေသကို ဆုံးရှုံးလိုက်ရတဲ့အပြင်ဘက် ပေါင်းစုံမှာရှုံးနိမ့်နေချိန်မှာ ခုလိုစစ်ဆင်ရေးတစ်ရပ်ပေါ်ပေါက်လာမယ်ဆိုတာဟာ မေးခွန်းထုတ်စရာကောင်းနေပါတယ်။

သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့ တန်ပြန်စစ်ဆင်ရေးများ

*****************

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒုစစ်ခေါင်းဆောင်ကို စစ်ဘက်ရေးရာမှာ အဓိကတာဝန်ယူခိုင်းထားပြီး စစ်ဆင်ရေး တွေကို ကွပ်ကဲခိုင်းလေ့ရှိပါတယ်။

မြန်မာစစ်တပ် တဖြစ်လဲ စစ်ကောင်စီဟာ စစ်ဆင်ရေးတွေ ပြုလုပ်တဲ့အခါတိုင်းမှာ ဒေသအပေါ်မူတည်ကာ နာမည်တွေ မှည့်လေ့ရှိပါတယ်။ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ အလောင်းမင်းတရားကြီးကို စစ်ဘုရင်တစ်ပါးအနေနဲ့ ဂုဏ်ယူ ဝံ့ကြွားစွာ ရုပ်ထုပြုလုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသကို တန်ပြန်ထိုးစစ်ဆင်တဲ့အခါ မှာ အောင်ဇေယျစစ်ဆင်ရေးလို့ အမည်ပေးခဲ့ပါတယ်။

မြဝတီမြို့အနီးက သင်္ကန်းညီနောင် ဗျူဟာတစ်ခုလုံးကို တော်လှန်ရေးတပ်တွေက ဧပြီ ၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကိုလည်း စစ်ကောင်စီက သူတို့ထိန်းချုပ်မှုအောက်က လက်လွှတ်လိုက်ရပါတယ်။ အဲဒီ နောက်ပိုင်းမှာ အင်အား ၁,၅၀၀ ထက်မနည်း ပါဝင်တဲ့ အောင်ဇေယျစစ်ဆင်ရေး ပေါ်ပေါက်လာခဲ့ပါတယ်။

အောင်ဇေယျစစ်ဆင်ရေးမှာ တပ်မ ၅၅ ကို အဓိကအသုံးပြုထားပြီး တပ်မ ၄၄ က လက်ကျန်အင်အားတွေလည်း ပါဝင် တယ်လို့ ဆိုပါတယ်။ တပ်မ ၅၅ ဟာ လောက်ကိုင်အညံ့ခံ တပ်သားတွေလည်းပါဝင်ပေမယ့် လက်ရှိ စစ်ကောင်စီတပ်မ တွေအထဲမှာ ဖွဲ့စည်းပုံအပြည့်ဆုံးတပ်တစ်ခု အဖြစ်ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက် လောက်ကိုင်ဒေသက စစ်ကောင်စီတပ်တွေ အလုံးစုံ လက်နက်ချမှုမှာ ပါဝင်ခဲ့တဲ့ တပ်မ ၅၅ က တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းအပါအဝင် တပ်ဖွဲ့ဝင် ၈၀၀ခန့် ပါဝင်ခဲ့တယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။

လက်နက်ချဖို့ ဆုံးဖြတ်ခဲ့တဲ့ ဗိုလ်မှူးချုပ် ၆ယောက်ကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

ကျန်တဲ့ ငါးယောက်ကတော့ သေဒဏ်ချမှတ်ခံရတာမျိုးရှိပေမယ့် ဗိုလ်မှူးချုပ်ဇော်မျိုးဝင်းကတော့ အရန်အင်အားကို သာ ရွှေ့ပြောင်းခံခဲ့ရပါတယ်။

သူ့အစား တပ်မ ၅၅ တပ်မမှူးနေရာကို ဗိုလ်မှူးကြီးအောင်စိုးမင်းကို ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ပေးကာ စစ်ကောင်စီက ခန့်အပ်လိုက်ပါတယ်။ အောင်ဇေယျစစ်ဆင်ရေး ယာဉ်တန်းမှာ သံချပ်ကားယာဉ်တွေ၊ တံတားထိုးတပ်ဖွဲ့တွေ၊ ယန္တရား တပ်တွေလည်း ပါဝင်နေတယ်လို့ ရှေ့တန်းတော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

အဲဒီလို နိုင်ငံတော်အဆင့်စစ်ဆင်ရေးကြီးဟာလည်း ကရင်ပြည်နယ်၊ ဒေါနတောင်တန်းနေရာတွေကို ၄ လနီးပါးကာလ အထိ ဖြတ်ကျော်နိုင်ခြင်းမရှိသေးပါဘူး။

ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီက စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲဖို့အတွက် အခုနှစ် နှစ်ဆန်းပိုင်းကတည်းက ကြိုး ပမ်းခဲ့တယ်လို့  စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီလော်ဘီတွေကတော့ ဗလမင်းထင်စစ်ဆင်ရေးလို့ သုံးနှုန်းခဲ့ပြီး အဲဒီစစ်ဆင်ရေးဟာ ကချင်လွတ်လပ်ရေး တပ်တွေရဲ့ ထိုးစစ်တွေကြောင့် ရပ်တန့်နေခဲ့ရပါတယ်။

မတ်လ ၇ ရက်မှာ အရှိန်မြှင့်တင်ခဲ့တဲ့ ထိုးစစ်တွေကြောင့် KIA ဗဟို လိုင်ဇာမြို့အနီးနားက စိုးမိုးတောင်ကုန်းတွေကို စစ် ကောင်စီက လက်လွှတ်ခဲ့ရသလို လက်ရှိမှာ ဝိုင်းမော်နဲ့ ဗန်းမော်မြို့အကြားက စခန်းတွေအားလုံးကိုလည်း ဆုံးရှုံးလိုက် ရပါတယ်။

တိုင်းစစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားနဲ့ တစ်ဘက်ကမ်းအကွာ ဝိုင်းမော်အထိ တော်လှန်ရေးတပ်တွေ ချဉ်းကပ်လာနေပြီး စကခ ၂၁ တည်ရှိတဲ့ ဗန်းမော်မြို့နားကိုလည်း စစ်မီးကူးစက်လာနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ဒုတိယ အာဏာအရှိဆုံးသူကိုယ်တိုင် ကွပ်ကဲတဲ့ စစ်ဆင်ရေးနှစ်ခုကတော့ သဲထဲရေသွန် ဖြစ်နေရဆဲဖြစ် ပါတယ်။

ဦးတည်ချက် မသိရတဲ့ အင်အားစုဖွဲ့မှု

*****************

လားရှိုးရမခ ကျဆုံးမှုအပြီးမှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ စစ်ကောင်စီက အင်အားစုဖွဲ့မှု ပြန်လည်လုပ် ဆောင်လာပါတယ်။

ရမခ ဌာနချုပ်အသစ်ကို မိုင်းရယ်မြို့ကို ရွှေ့ပြောင်းထားပြီး စစ်ကောင်စီ ပြန်လည်သိမ်းပိုက်ချင်နေတဲ့ ရှမ်းမြောက်ဒေသ အတွက် ရှေ့တန်းဌာနချုပ်နေရာ ဖြစ်ပါတယ်။

မိုင်းရယ်မြို့နဲ့အနီးအနားမှာ ရမခဗျုဟာတစ်ခု အခြေစိုက်ထားတဲ့တန့်ယန်းမြို့နဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရာ ခိုလမ်မြို့တွေဟာ စစ်ဆင်ရေး‌အတွက် အဓိက ထောက်ပို့နေရာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်လာချိန်ကတည်းက ရှမ်းတောင်ပိုင်း ဟိုပုံး၊ ဗထူးမြို့တွေဟာ စစ်သားစုဆောင်းရာ အဓိကနေရာတွေ ဖြစ်ပါတယ်။

ဗထူးမြို့ အမှတ် ၁ အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း၊ ဟိုပုံးတပ်မတော် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် တို့ဟာ ကျန်တဲ့နေရာတွေထက် သိသိသာသာ တပ်သားသစ်စုဆောင်းခံရတဲ့ နေရာတွေ ဖြစ်ပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဉ် ၄ထိအပြီး စုဆောင်းခံရတဲ့ တပ်သားသစ်တွေကို စုဖွဲ့မှုတွေမှာ နေရာချထားတယ်လို့ဆို ပါတယ်။

ပအိုဝ်းပြည်သူ့စစ်- PNO အဖွဲ့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပအိုဝ်းဒေသကို ကာကွယ်ဖို့အတွက် သူတို့ရဲ့တပ်သား ၁၀,၀၀၀ ခန့်ကို စစ်သင်တန်းပေးခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။

ဒါ့အပြင် PNO အနေနဲ့ အရန်အင်အား ၄ သိန်းအထိ တိုးချဲ့ဖို့ လုပ်‌ဆောင်သွားမယ်လို့လည်း စစ်ကောင်စီထိန်းချုပ်ထား တဲ့ မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က အင်အားသောင်းဂဏန်းအထိ စုဖွဲ့မှုရှိလာတယ်လို့ ယူဆရပြီး ဆင်ဖြူရှင်စစ်ဆင်ရေးအတွက်လား ကရင်နီပြည်နယ်ဘက် ထိုးစစ်‌အတွက်လားဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းတောင်ဝင်ပေါက်

****************

နောင်ချိုမြို့ကို ဇူလိုင် ၁၀ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် တအာင်းတပ် TNLAဟာ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထား နိုင်ခြင်းမရှိသေးပါဘူး။

အကြောင်းကတော့ မြို့တောင်ဘက် ရပ်စောက်-တောင်ကြီးသွားကားလမ်းပေါ်မှာရှိတဲ့ တောင်ခမ်းရွာက စစ်ကောင်စီ တပ်စခန်းတွေ ကျန်ရှိနေသေးလို့ ဖြစ်ပါတယ်။

တောင်ခမ်းရွာမှာ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂ ရှိနေပြီး အမြောက်တပ်ရင်း သုံးခုရှိနေပါတယ်။ TNLA ရဲ့ ထိုးစစ် ရှမ်းတောင်ပိုင်းဘက် ကူးမလာအောင် နောင်ချိုမြို့ကျပြီးကတည်းက ခံစစ်စည်း ပြင်ဆင်ထားခဲ့ပြီး သား ဖြစ်ပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာ တောင်ခမ်းရွာကို ထိုးစစ်ဆင်နေခဲ့ပြီး စစ်ကောင်စီဟာ တ‌ဖြေးဖြေးချင်း အရှုံးနဲ့ ရင်ဆိုင်လာနေရပါ တယ်။

ဩဂုတ် ၂၉ ရက်အထိ အခြေအနေအရ မစခ ၉၀၂ ဗဟိုကင်း အပါအဝင် ၉၀ရာခိုင်နှုန်းကို TNLAက ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က ခွာစစ်ပြင်ဆင်နေပြီလို့ သိရပါတယ်။

တောင်ခမ်းရွာမကျရေးအတွက် ပြင်ဦးလွင်မြို့နယ်ထဲကနေ လက်နက်ကြီးနဲ့ပစ်ကူပေးနေသလို လေကြောင်းသုံးကာ အသည်းအသန်ခုခံနေရတာပါ။

ဆင်ဖြူရှင်အမည်ရ တန်ပြန်စစ်ဆင်ရေး ဆောင်ရွက်မယ့် သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ရှမ်းတောင်ပိုင်း တံခါးဝဖြစ်တဲ့ တောင်ခမ်းရွာကို လက်လွှတ်မဆုံးရှုံးရရေးကိုတောင် ကြိုးစားနေရတာ တွေ့နေရပါတယ်။

စစ်‌ကောင်စီအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ ၄ မြို့ကိုသာ ထိန်းချုပ်ထားနိုင်တော့တာပါ။ ရခိုင်ပြည်နယ်၊ ကချင် ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာလည်း အရှုံးတွေနဲ့ ကြုံတွေ့နေရချိန် ဆင်ဖြူရှင်စစ်ဆင်ရေးဟာ အရင်စစ်ဆင်ရေး တွေ လိုပဲ ဖြစ်သွားမလာဆိုတာကို ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleTNLA ကို ခြိမ်းခြောက်စာပို့သည့် တရုတ်လုပ်ရပ် ဘောင်ကျော်ခြင်းဖြစ်
Next Article လားရှိုးမြို့တွင် CDM ဝန်ထမ်းများဖြင့် ကျန်းမာရေးဌာန စတင်လည်ပတ်
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

May 24, 2025

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

May 24, 2025

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

May 24, 2025

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

May 24, 2025

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

May 24, 2025

ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား

May 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.