သဇင်
ဩဂုတ် ၂၆၊၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိကျေးရွာများတွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲ ဖမ်းဆီးမှု များကြောင့် နှစ်ရက်အတွင်း သက်လတ်ပိုင်းအရွယ်လူငယ် ၁၀၀ ဝန်းကျင်ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံတစ်ချို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အရပ်ဝတ်များအပါအဝင် စစ်ယူနစ်ဖောင်းများဝတ်ဆင်ကာ အချုပ်ကားဖြင့် မုံရွာမြို့နေရာအနှံ့ရှိ လူမြင်ကွင်းနေရာများအထိပါ အတင်းအကြပ် ဖမ်းဆီးနေခြင်းဖြစ်သည်။
မုံရွာမြို့ဒေသခံအမျိုးသားတစ်ဦးက “မနေ့ကစပြီး မုံရွာမှာ တွေ့တဲ့လူငယ်တွေကို အချုပ်ကားနဲ့ တွေ့ရင်တင်တယ်။ လ္ဘက်ရည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်တို့အထိပါ ဝင်ဆွဲတယ်။ အင်းဘေးငါးဖမ်းနေတဲ့ လူငယ်တွေကို ကားပေါ်တင်သွားတယ်။ ညတွေဆိုရင်လည်း အိမ်ထဲထိပါ ဝင်ဆွဲပါတယ်ဗျ“ ဟု ဆိုသည်။
ဖမ်းဆီးခံရမှုများတွင် အမျိုးသမီးအချို့ပါ ပါဝင်နေပြီး ပိုက်ဆံတောင်းယူနေသည့် အခြေနေများလည်းရှိသည်ဟု ဒေသခံများ ပြောပြချက်အရသိရသည်။
လက်ရှိတွင် စစ်ကောင်စီမှ စစ်မှုထမ်းအပတ်စဉ် ၅ ကိုခေါ် ယူလျက်ရှိပြီး အသက် ၃၅ နှစ် ၆၅ အထိ အမျိုး သားများကိုလည်း ပြည်သူ့စစ်အနေဖြင့် တာဝန်ထမ်းဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။