သံလွင်ခက်
ဩဂုတ် ၁၂၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြေက်ရေးတပ်မတော်-TNLA တို့ကြားတိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်ပြုလုပ်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
ယမန်နေ့က TNLA နှင့် စစ်ကောင်စီတပ်တို့အကြား နောင်ချိုမြို့နယ် တောင်ခမ်းနှင့် မက်မန်းတောကျေးရွာတို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
တောင်ခမ်းရွာတွင် စစ်ကောင်စီ အမြောက်တပ် ၉၀၂၊ မက်မန်းတောကျေးရွာတွင် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂) တပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅) တပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၃၀၆)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
နောင်ချိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃) ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၃) ကြိမ် ဗုံး (၂၀) လုံး လာရောက်ကြဲချခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သီပေါမြို့ ခလရ (၂၃) တပ်စခန်းနေရာတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၂)ကြိမ် ဗုံး(၈၅) ကြဲချသည့်အပြင် Y-12 လေယာဉ်ဖြင့် ထောက်ပို့ပစ္စည်းများ လာရောက်ကြဲ ချပေးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။