ယမင်းဖူးပွင့်အောင်
ဩဂုတ် ၁၀၊ ၂၀၂၄။
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဗိုလ်မှူးရွာနှင့် မောင်တောမြို့အမှတ် (၈) ရပ်ကွက်ရှိ ကညင်တန်းကျေးရွာမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ဒေသခံ ၈၀၀ ကျော်ကို ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်ပေးခဲ့သည်ဟု အာရက္ခတပ်တော် AA က ယမန်နေ့က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ် ၈ ရက်က ဗိုလ်မှူး (မူဆလင်) ရွာမှ ဒေသခံရွာသား ၃၀၀ ခန့်နှင့် ကညင်တန်းရွာမှ ဒေသခံ ၅၀၀ ခန့် အားလုံခြုံရာသို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။
ထုတ်ပြန်ချက်တွင် ယင်းကျေးရွာများမှ ဒေသခံသက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ် များကို စစ်ကောင်စီနှင့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပိတ်လှောင်ထားပြီး အချို့ မှာ စားနပ်ရိက္ခာများပြတ်တောက်ကာ အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားနေရသည်ဟု AA က ဆိုထားသည်။
မူရင်းဗီဒီယို- AA Info Desk