မေသံလွင်
ဩဂုတ် ၉ ၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်- DPLF/DPLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကာ ၈ ဦး ဖမ်း ဆီးခဲ့ပြီး လက်နက် ၁၉ လက် သိမ်းဆီးရမိခဲ့သည်ဟု DPLA တပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ နေ့လည် ၁၁ နာရီကျော်ဝန်းတွင် ကျောက်ဂူဒေသတွင် နှစ်ဘက်တပ်အကြား စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တပ်ကြပ်အဆင့်အပါအဝင် တခြားတပ်သားအဆင့်တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု DPLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်သတင်းဌာနသို့ ပြောသည်။
“မနက် ၁၁:၃၀ ကနေ ၄:၀၀ အထိတိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီကလေကြောင်းတိုက်တာကတော့ ညနေ ၃:၄၅ လောက်မှာပါ” ဟု ၎င်းက ဆိုသည်။
ယနေ့မနက်တွင် တိုက်ပွဲများငြိမ်သက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
ပုံစာ – DPLA တပ်ဖွဲ့ဝင်များ။ Photo – DPLF/DPLA ။