ယမင်းဖူးပွင့်အောင်
ဩဂုတ် ၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တ္ငင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည့် ဒေသခံ ၆ဦးအထိ ရှိလာပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယနေ့၌ ထုတ်ပြန်သည်။
ယနေ့နေ့လည် ၂နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ ရဲစခန်းနှင့် ဗျူဟာတပ်စခန်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ကွတ်ခိုင်မှာကျ နေ့လည် ၂နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးလာကြဲသွားတယ်။ ရဲစခန်းနဲ့ ဗျူဟာတပ်စခန်းနားကို ၂လုံးလာကြဲသွားတယ်။ လူထိခိုက်မှုတော့မရှိဘူး။ အိမ်တွေတော့ ပျက်စီးသွားတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့ကလည်း ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ခုနှစ်လုံး ကြဲချတိုက်ခိုက်ရာ ဒေသခံပြည်သူ ၆ဉီးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကကောက်ယူထားသည့် စာရင်းများအရသိရသည်။
ထို့ပြင် ကွတ်ခိုင်မြို့မဈေးရှိ ဆိုင်ခန်းပေါင်း ၄၀၁ ခန်းသည်လည်း ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်ကာ အရပ်သား နေအိမ် ၁၀လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု TNLA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-PSLF/TNLA