သံလွင်ခက်
ဇူလိုင် ၁၉၊ ၂၀၂၄
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ အခမ်းအနားတက်ရောက်ခွင့်မရတာဟာ လေးနှစ်ရှိနေပါပြီ။ ဒီအခမ်းအနားကို အကိုဖြစ်သူ ဦးအောင်ဆန်းဦး တက်ရောက်ခဲ့တာတွေ့ရပါတယ်။
ဘုရားပွဲတွေ၊ အားကစားပွဲနဲ့ တခြားပျော်ပွှဲရွှင်ပွဲတွေကို အမြဲတစေတက်ရောက်လေ့ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဇာနည်နေ့အခမ်းအနားမှာ မတွေ့ရပါဘူး။
စစ်ကောင်စီလက်အောက်ခံ ရုပ်မြင်သံကြားအစီအစဉ်တွေအရ စစ်ကောင်စီရဲ့ရာထူးအမြင့်ဆုံးအဖြစ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ပဒိုမန်းငြိမ်းမောင်နဲ့ အဖွဲ့ဝင်တချို့သာတက်ရောက်ခဲ့ပါတယ်။
နိုင်ငံတဝှမ်းမှာတော့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာ၊ ဆွမ်းကပ်အလှူပြု လုပ်တာတွေနဲ့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီကျင်းပခဲ့သည့် ရန်ကုန်မြို့အာဇာနည်နေ့အခမ်းအနားမြင်ကွင်း (စခရင်ရှော့)