သံလွင်ခက်
ဇွန် ၂၁၊၂၀၂၄။
စစ်မှုထမ်းအပတ်စဉ် (၅) မှသာ အမျိုးသမီးတွေကို ခေါ်ယူသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် မွန်ပြည်နယ်က တချို့ဒေသတွေမှာတော့ စစ်မှုထမ်းစာရင်းထဲမှာ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းထဲထည့်သွင်းဖို့ စစ်ကောင်စီက ဘာတွေလုပ်ဆောင်နေလဲ။ မွန်ပြည်နယ် ဘယ်ဒေသက အမျိုးသမီးတွေ ခေါ်ယူခံနေရတာလဲ။ စစ်မှုမထမ်းဆောင်လိုပဲ အကူအညီတောင်းလာတဲ့အမျိုးသမီးတွေကို မွန်အမျိုးသမီးအဖွဲ့တစ်ခုအနေနဲ့ ဘာတွေကူညီပေးနေတာရှိမလဲစတဲ့ ပတ်သတ်ပြီး မွန်ပြည်နယ်က အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါပြီ။