သံလွင်ခက်
ဇွန် ၂၀၊ ၂၀၂၄
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ နိုင်ငံတဝန်းက ပြည်သူတွေဟာ နေ့စဉ်ဘဝတွေမှာ အသက်အန္တရာယ်နဲ့ ကြုံတွေ့နေရသလို မလုံခြုံမှုတွေနဲ့ ဖြတ်သန်းနေရပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်ပွားရာဒေသက ပြည်သူတွေဟာ နှစ် ဖက်တပ်တွေရဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတချို့လည်းရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကံမရွာအနီးစစ် ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ ပျံလွန်တော်မူခဲ့ရပါတယ်။ လူတိုင်းမှာ အသက်ရှင်ရန် လွတ်လပ်ခွင့်နဲ့ လုံခြုံစိတ်ချခွင့်ရှိတယ်ဆိုတဲ့ ဖော်ပြချက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်သုံးမှာ အတိအကျ ဖော်ညွှန်းထားပေမယ့် လက်ရှိအခြေအနေတွေနဲ့ ဝေးကွာလို့နေပါတယ်။
မဆင်မခြင်ပစ်ခတ်တာတွေ မဖြစ်အောင်နဲ့ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF တပ်ဖွဲ့မှူး ကိုအောင်စံရှားနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါပြီ။