သံလွင်ခက်
ဇူလိုင် ၁၀၊ ၂၀၂၄
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ်ဟာ အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်မှု မထမ်းမနေရဥပဒေကို ပြဌာန်းခဲ့ပါတယ်။
ဥပဒေပြဌာန်းပြီး သိပ်မကြာခင် ဧပြီလကစလို့ လူငယ်တွေကို အတင်းအဓမ္မခေါ် ဆောင်တာ၊ မဲနှိုက်ရွေးချယ်စေတာတွေ လုပ်ဆောင်ခဲ့ပြီး အပတ်စဉ် ၃ အထိ တပ်သားသစ်စုဆောင်းခဲ့ပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်တာ နဲ့အမျိုးသမီး တွေကို စစ်မှုထမ်းဖို့ခေါ်ယူဖို့ပြင်ဆင်တာတွေရှိနေပါတယ်။
လက်ရှိ စစ်အာဏာသိမ်းကာလမှာ ဒီဥပဒေက လူငယ်တွေရဲ့ အနာဂတ်ကို ဘယ်လောက်ထိ အခက်အခဲ၊ အကြပ်အ တည်းတွေဖြစ်စေလဲ၊ လူငယ်တွေအနေနဲ့ဘယ်လိုပြင်ဆင်သင့်လဲ စတဲ့အကြောင်းအရာတွေကို ဒီကွပ်ပျစ်စကားဝိုင်းအ စီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။
ပါဝင်ဆွေးနွေးသူများ
**************
(၁) ကိုထက်မြတ် (CDM ဗိုလ်ကြီး)
(၂) ကိုမင်းသွေးသစ် (ဗ.က.သ ကျောင်းသားဟောင်း )
(၃) မဆွေ (Southern Revolution Support အဖွဲ့ဝင်)
(၄) ကိုအငယ်ကောင် (စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံပြင်ပတိမ်းရှောင်လာသူ)
(၅) ယမင်းဖူးပွင့်အောင် (သံလွင်ခက်သတင်းဌာန)